စတွေ့လိုက်တာနဲ့ လူတွေဟာ တစ်ယောက်ကို တစ်ယောက် အကဲခတ်ပြီး တန်ဖိုးဖြတ်တတ်ကြပါတယ်။ တစ်ချို့သူတွေဟာ တွေ့တွေ့ချင်း အထင်ကြီးအောင် မနေမိတာကြောင့် သူတို့ရဲ့ တကယ့်တန်ဖိုးဟာ မပေါ်လွင်ဘဲ ရှိတတ်ပါတယ်။ ဒါမျိုးကို အလုပ်အကိုင်နဲ့ စီးပွား‌ရေးနယ်ပယ်တွေမှာ အများဆုံးလုပ်ကြသလို နေ့စဉ် လူမှုဘဝမှာလည်း Impression လို့ ခေါ်တဲ့ အထင်ကြီးလောက်စရာ ရှာတဲ့ ကိစ္စက ရှိနေတတ်ပါတယ်။

First Impression ကောင်းတဲ့သူတွေဟာ အခွင့်အရေးပို ရတတ်တယ်ပါတယ်။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ရုံနဲ့ မဆုံးဖြတ်နိုင်ဘူး ဆိုပေမယ့် တန်ဖိုးကြီးတဲ့ စာအုပ်တစ်အုပ်ရဲ့ အဖုံးဟာ ဈေးမပေါသင့်ပါဘူး။ ဒီတော့ ကိုယ့်ကို တွေ့လိုက်တာနဲ့ အထင်အမြင်ကောင်းစေဖို့ First Impression မြင့်သူတွေဆီက သင်ယူသင့်ပါတယ်။

ကိုယ်ဟန်အမူအယာ သတိထားပါ

Photo: Freepik

သင့်ခန္ဓာကိုယ်ဟာ ဘာသာစကားတစ်ခုကို ပြောပြီး ပတ်ဝန်းကျင်နဲ့ ဆက်သွယ်နေပါတယ်။ မျက်စိဂဏှာမငြိမ်တာ ၊ လက်ပိုက်လျက်သား နေတတ်တာ ၊ ဒူးနှံ့တာ စတဲ့ ကိုယ်အမူအယာတွေဟာ ဘယ်သူမှ မနှစ်သက်နိုင်တဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ တည်ကြည်ငြိမ်သက်နေပြီး ယုံကြည်မှုမြင့်နေသူတစ်ယောက် ရဲ့ အေးဆေးတဲ့ဟန် အမူအယာ ဖြစ်နေဖို့ လိုပါတယ်။
ပြောတဲ့ စကားကလည်း ရှင်းလင်းပီသပြီး စဉ်းစဉ်းစားစား ပြောဆိုတဲ့ စကားလုံးတွေ သုံးသင့်ပါတယ်။ စကားသံဟာ မြန်လွန်း နှေးလွန်း တိုးလွန်း ကျယ်လွန်းခြင်း မရှိစေသင့်ဘဲ ထိန်းချုပ်မှုအပြည့်ရှိတဲ့ လေသံမျိုး ဖြစ်ဖို့ လိုပါတယ်။

ပြုံးပါ

Photo: Freepik

အပြုံးဟာ သင်နဲ့ စတွေ့သူတွေအကြား နွေးထွေးလှိုက်လှဲစွာနဲ့ ကြိုဆိုလိုက်တဲ့ သဘောပါ။ စတွေ့တွေ့ချင်းကတည်းက မျက်နှာထားတည်တည်ကြီးနဲ့ နေမယ်ဆိုရင် သင့်ကို လူတွေထင်မြင်တဲ့ အမြင်ဟာ သိပ်ကောင်းမယ်တော့ မဟုတ်ပါဘူး။ နှစ်လိုဖွယ် ပြုံးပြတဲ့ အပြုံးတစ်ခုရဲ့ လုပ်ဆောင်နိုင်စွမ်းကို လျှော့တွက်လို့ မရပါဘူး။ အပြုံးကြောင့် လူတွေ ပိုပြီး နီးကပ်သွားစေနိုင်တယ်ဆိုတာ မှတ်ထားပါ

အချိန်မှီရောက်ပါစေ

Photo: Freepik

အချိန်နောက်ကျတဲ့ အဖြစ်ဟာ First Impression ကို ကျစေတဲ့ အဓိကအကြောင်းတရားထဲမှာ ပါပါတယ်။အလုပ်အင်တာဗျူးတစ်ခု သွားတာပဲ ဖြစ်ဖြစ် အချိန်းအချက် လုပ်ထားတဲ့နေရာကို သွားတာပဲ ဖြစ်ဖြစ် အချိန်တိကျခြင်းဟာ တစ်ဖက်လူကို လေးစားတာလည်း ဖြစ်ပါတယ်။ ချိန်းထားတဲ့ အချိန်ထက် အနည်းဆုံး ၅ မိနစ် လောက်စောရောက်နိုင်ရင် ပိုကောင်းပါတယ်။

သပ်သပ်ရပ်ရပ် ဝတ်စားပါ

Photo: Freepik

ဝတ်ပုံစားပုံဟာ သင့်အကြောင်း စကားတွေ ပြောနေပါတယ်။ ဘယ်ကိုပဲ သွားသွား သပ်သပ်ရပ်ရပ် ဝတ်စားပါ။ လူကြီးလူကောင်းတွေနဲ့ တွေ့ရမယ့် နေရာကို Jeans ဘောင်းဘီ ဒူးပြဲကြီးနဲ့ သွားတာမျိုးက ယဉ်ကျေးမှု မရှိရာလည်း ရောက်ပါတယ်။ ဒီတော့ First Impression ကောင်းဖို့ အဆင်ခြင်ဉာဏ်ရှိရှိ ဝတ်ဆင်သွားဖို့ လိုပါတယ်။