စိတ်အားထက်သန်ခြင်းသည် အောင်မြင်မှုဆီသို့ လျှောက်လှမ်းတဲ့နေရာမှာ မိုတီဗေးရှင်းများ ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားလေ့ရှိတဲ့ ယောကျာ်းများသည် စိတ်ဓာတ်ကျမသွားအောင် အမြဲတမ်းဂရုစိုက်ကြတာ ဖြစ်ပါတယ်။ ဒါမှသာ အောင်မြင်မှုနဲ့ နီးစပ်နိုင်မှာမဟုတ်လား။

အောင်မြင်တဲ့ယောကျာ်းများသည် ကိုယ့်ရဲ့ စိတ်ဓာတ်ကျန်းမာရေးအပြင် ဘယ်လိုအမူအကျင့်မျိုး ပြုမူကြသလဲဆိုတာကိုရော စာဖတ်သူတို့သိပြီးပါပြီလား။

မိမိကိုယ်ကိုယ် Confidence ရှိခြင်း

tips for men to be successful

မိမိကိုယ်ကိုယ် တန်ဖိုးထားလေ့ရှိတဲ့ ယောကျာ်းတစ်ယောက်သည် သူ့ကိုရွေး သူ့ကိုရွေး ဆိုတဲ့ စိတ်မျိုး မရှိတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပါတယ်။ သူတို့သည် လူအများရဲ့ Attention ပေးခြင်းကိုလည်း မလိုအပ်ပါဘူး။ သူတို့ကိုယ်၌ကိုယ်က ကိုယ့်ရဲ့မနားမနေ ကြိုးစားအားထုတ်မှုအပေါ် ယုံကြည်ချက်ရှိလို့ပဲဖြစ်ပါတယ်။

အမြဲတမ်း အရှေ့ကိုပဲ သွားတယ်

tips for men to be successful

စိတ်ဓာတ်ကြံ့ခိုင်သူများသည် အခြားသူများရဲ့ ဝေဖန်တိုက်ခိုက်မှုကို ခေါင်းထဲမထည့်ပါဘူး။ နောင်တလည်း မရတတ်ကြပါဘူး။ နောင်တရသွားတဲ့အခါ “ငါ ဒီလို လုပ်ခဲ့ရင် ကောင်းသား” ဆိုတဲ့ စိတ်မျိုးဝင်ပြီး လည်ပင်းတလှည့်လှည့်ပြီး စိတ်မောရပါတယ်။

ရင့်ကျက်မှုရှိကြတယ်

tips for men to be successful

သူတို့သည် ဘဝက ခက်ခဲတယ်ဆိုတာကို လက်ခံကြပါတယ်။ ထိုအမှန်တရားကို လက်ခံကာ ဘဝခရီးကြမ်းမှာ စိန်ခေါ်မှုမျိုးစုံကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ လက်ခံကြပါတယ်။ စိန်ခေါ်မှုများကို ကြိုးစားအားထုတ်မှုနဲ့ ပေါင်းစည်းကာ ကိုယ့်ရဲ့အောင်မြင်မှုဆီသို့ တစ်စက္ကန့်လေးမှ နောက်ကျမသွားအောင် အရောက်လှမ်းလေ့ရှိကြပါတယ်။

အချိန်ကို တန်ဖိုးထားတယ်

tips for men to be successful

စိတ်ဓာတ်ကျန်းမာကြံ့ခိုင်သူများသည် ကိုယ့်ရဲ့အချိန်ကို ကိုယ်မနှစ်သက်တဲ့အရာများ မပြုလုပ်ခြင်းအားဖြင့် အချိန်ကို တန်ဖိုးထားပါတယ်။ ကိုယ် နှစ်သက်တဲ့အရာကို ပြုလုပ်ခြင်းအားဖြင့်သာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ရောက်ရှိနိုင်တယ်ဆိုတာကိုလည်း နားလည်လက်ခံကြပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်နဲ့ မကိုက်ညီတဲ့ ကြိုးစားအားထုတ်မှုသည် အချည်းနှီးပဲဆိုတာကိုလည်း နားလည်လက်ခံကြပါတယ်။

အကူအညီလိုအပ်သူကို ကူညီဖို့ဝန်မလေးဘူး

tips for men to be successful

အမှန်တကယ်အောင်မြင်တဲ့ ယောကျာ်းများသည် အခြားသူများအပေါ် ကိုယ်ချင်းစာတရား အပြည့်အဝရှိပြီး အကူအညီလိုအပ်သူများအတွက်လည်း အချိန်ကုန်၊ ငွေကုန်ခံပြီး ကူညီပေးလေ့ရှိပါတယ်။ ဒါ့အပြင် သူတို့သည် သူတို့ဝင်ငွေရဲ့ပမာဏအနည်းငယ်ကို အမြဲတမ်းပေးလှူလေ့ရှိပါတယ်။ မျှဝေခြင်းသည် ကိုယ့်ဆီမှာ စုပြုံထားတာထက် ပိုပြီးကြီးမြတ်ကောင်းမွန်တယ်ဆိုတာကို နားလည်လက်ခံထားကြသူတွေဖြစ်ပါတယ်။

သင့်ဆီမှာရော အခုဖော်ပြထားတဲ့ လက္ခဏာတွေထဲက ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပါသလဲ။

Source: Entrepreneur.com

Featured Image Source: Entrepreneur