Pogba ကိုပေါင်းသန်းး ၃၀ discount ချလိုက်တဲ့မန်ယူ

Source: Express Digest

မန်ယူအသင်းဟာ သူ့တို့ရဲ့ကွင်းလယ်ကစားသမားတစ်ဉီးဖြစ်သူ Pogba ကိုပေါင် သန်း ၁၅၀ နဲ့ကမ်းလှမ်းလာရင် ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ The Sun ရဲ့ဖော်ပြချက်အရသိရပါတယ်။

Pogba ဟာမန်ယူကနေ ထွက်ခွာဖို့ Real Madrid၊ Juventus စတဲ့အသင်းတွေနဲ့ ချိတ်ဆက်နေတာကြာပါပြီ။ ဒါပေမဲ့ မန်ယူအသင်းက လက်မခံတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ပဲ ရှိနေတာပါ။

နောက်ပိုင်းမှာ အသင်းက အဆိုပါပြင်သစ်ကစားသမားကို လျှော့ဈေးနဲ့ ရောင်းချတော့မယ်လို့သတင်းထွက်လာတာပါ။

လီဗာပူးကစားသမား Lallana ကိုခေါ်ယူဖို့ ပြင်လာတဲ့ အာဆင်နယ်

Source: Football Fan cast

လီဗာပူးကစားသမား Lallana ဟာအသင်းနဲ့ စာချုပ်သက်တမ်း ၅ လသာကျန်ရှိတော့တာပါ။ အသင်းကလည်း သူနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး။ အသက် ၃၁ အရွယ်ရှိပြီဖြစ်တဲ့ Lallana ဟာ ဇွန်လမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးကနေ ထွက်ခွာနိူင်တော့မှာပါ။ အာဆင်နယ်အသင်းက အဆိုပါကစားသမားကို အလွှတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အင်တာမီလန် နောက်ခံလူ Skriniar ကိုခေါ်ယူနိူင်ဖို့ မျှော်င့်နေတဲ့ ဂွာဒီယိုလာ

Source: Daily Express

ဂွာဒီယိုလာ ဟာ အင်တာနောက်ခံလူ Skriniar ကိုမန်စီးတီးအသင်းထံ ခေါ်ယူဖို စိတ်ဝင်စားနေပါတယ်။ အဆိုပါ အသက် ၂၅ နှစ်အရွယ် နောက်ခံလူရဲ့ ပြောင်းရွှေ့ကြေးဟာ ဒီနွေရာသီမှာ ပေါင် ၆၈ ကနေ ၈၇ သန်းအထိ ပေါက်ဈေးရှိနေပါတယ်။

Skriniar ဟာအင်တာမီလန်အသင်းအတွက် ဒီရာသီ ၂၈ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

ဟာလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ရီးရဲ

Source: Metro

ရီးရဲအသင်းဟာ ဒေါ့မွန် တိုက်စစ်မှုး ဟာလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Don Balon ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရီးရဲအသင်းဟာ လာမဲ့ အပြောင်းအရွှေ့ရာသီရောက်ရင် အဆိုပါကစားသမားကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်လျှော်ကြေးဟာ ပေါင် ၆၄ ကနေ ၈၂ သန်းခန့်ရှိနေပါတယ်။

ဟာလန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ လကမှာ Red Bull Salzburg ကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၄ ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြကစားနေပါတယ်။

လီယွန်ကစားသမား Aouar ကို မန်စီးတီးနဲ့အပြိုင်ခေါ်ယူဖွယ်ရှိနေတဲ့ ဂျူဗီတပ်

Source: Football Bloddy Hell

မန်စီးတီးအသင်းဟာ လီယွန်ကစားသမား Aouar ကိုခေါ်ယူဖို့ ကြိုးစားနေတာပါ။ Tuttosport ရဲ့အဆိုအရ ဂျူဗီတပ် အသင်းကပါ မန်စီးတီးနဲ့အပြိုင် အဆိုပါကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါကစားသမားဟာ နှောက်အနာဂက်မှာ ထွန်းတောက်လာနိူင်တဲ့ ကစားသမားအဖြစ် သက်မှတ်ခံထားရတာပါ။