ကော်တင်ဟိုကို ခေါ်ယူဖို့ကြိုးစားလာတဲ့ အာဆင်နယ်နှင့်နောက်ဆုံးရ အပြောင်းအရွှေ့သတင်းတိုများ
ကော်တင်ဟိုကို ခေါ်ယူဖို့ကြိုးစားလာတဲ့ အာဆင်နယ်
Source: Fox Sports
ဂန်းနားတွေဟာ ကော်တင်ဟိုကို Emirates ကွင်းထဲ အရခေါ်ယူနိူင်ဖို့ စီစဉ်နေတယ်လို့ Le10Sport ကဖော်ပြထားပါတယ်။ အဆိုပါ ဘရာဇီးသားဟာ ဘေယန်မြူးနစ်မှာ အငှားစာချုပ်ပြည့်တာနဲ့ ဘာစီလိုနာကို ပြန်လာရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အသင်းတော်တော်များများက ဘာကာမှာ အနာဂတ်မသေချာမရေရာ ဖြစ်နေတဲ့ ကော်တင်ဟိုကို ခေါ်ယူနိူင်ဖို့ ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။
အခုအာဆင်နယ်အသင်းကလည်းအဆိုပါကွင်းလယ်ကစားသမားကို ခေါ်ယူဖို့စိတ်ဝင်စားတဲ့အသင်းတွေမှာ ပါဝင်လာပါတယ်။
Higuain ကိုခေါ်ယူဖို့အသင့်ဖြစ်နေတဲ့ River Plate
Source: 90Min
River Plate အသင်းဟာ Gonzalo Higuain ကိုလာမယ့် (၂၀၂၁-၂၀၂၂) ဘောလုံးရာသီမှာ ခေါ်ယူနိူင်ဖို့ စီစဉ်နေတယ်လို့ Calcio Mercato ကဖော်ပြထားပါတယ်။
အပြောင်းအရွှေ့ဟာ ဒီထက်လည်းစောနိူင်ပေမယ့် River Plate အသင်းကတော့ ဂျူဗီတပ်အသင်းနဲ့ သဘောတူညီမူရယူနိူင်ဖို့ မသေချာဘူးလို့ ပြောဆိုထားပါတယ်။
အားကစားဒါရိုက်တာ တစ်ဦးတည်းကို အပြိုင်လုနေကြတဲ့ မန်ယူနဲ့နယူးကာဆယ်
Source: TeamTalk
Le10Sport ရဲ့ဖော်ပြချက်အရ PSG အသင်းအားကစားဒါရိုက်တာဟောင်းဖြစ်သူ Antero Henrique ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနဲ့နယူးကာဆယ်တို့က ခေါ်ယူဖို့ချိတ်ဆက်နေကြောင်းသိရပါတယ်။
အဆိုပါ ပေါ်တူဂီလူမျိုး အားကစားဒါရိုက်တာဟာ ဘရူနိုဖာနန်ဒက်စ်ကို မန်ယူအသင်းဆီပြောင်းရွှေ့နိူင်ဖို့ ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ဘေယန်အသင်းမှ Corentin Tolisso ကို အိုထရက်ဖိုဒ်သို့ ပြောင်းရွှေ့နိူင်အောင် ညှိနှိုင်းမူတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
အာသာကို ရောင်းချဖို့စီစဉ်နေတဲ့ ဘာစီလိုနာ
Source: World Sports Tale
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ အာသာကို ဂျူဗီတပ်အသင်းထံ ပြောင်းရွှေ့ဖို့ ဖိအားတွေပေးနေတယ်လို့ Calcio Mercato ကဖော်ပြထားပါတယ်။ ဘာစီလိုနာဟာ ဂျူဗီတပ်အသင်းကနေ Miralem Pjanic ကိုဝယ်ယူဖို့ စီစဉ်နေတာပြီး ဂျူဗီတပ်ကလည်း ကစားသမားတစ်ဦ်းကို အလိုက်ပေးကမ်းလှမ်းတာမျိုးမရှိဘူးဆိုရင် Pjanic ထွက်ခွာခွင့်မပေးချင်ဘူးလို့သိရပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အာသာကို ဂျူဗီတပ်အသင်းထံ ပြောင်းရွှေ့ဖို့ ဘာစီလိုနာက ဖိအားပေးနေတာဖြစ်ပါတယ်။
အီဂါလိုကို လက်လွှတ်ရတော့မယ့် မန်ယူ
Source: Metro
တရုတ်ကလပ် Shanghai Shenhua အသင်းဟာ မန်ယူအသင်းရဲ့ အီဂါလိုအငှားစာချုပ်သက်တမ်းတိုးကမ်းလှမ်းမူကို ပယ်ချလိုက်တယ်လို့ Daily Mail ကဖော်ပြထားပါတယ်။
အီဂါလိုရဲ့ အငှားစာချုပ်ဟာ လာမယ့်အပက်ထဲမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး တရုတ်လိဂ်ပြိုင်ပွဲတွေ မစခင် Shanghai Shenhua အသင်းဆီအရောက်ပြန်ရတော့မှာပါ။