Rabiot ကိုတခြားအသင်းတွေနဲ့အပြိုင်ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ အာဆင်နယ်
Source: Daily Express
အာဆင်နယ်ဟာ ဂျူဗီတပ်ကွင်းလယ်ကစားသမား Rabiot ကို တခြားအသင်းတွေနဲ့ အပြိုင်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ နည်းပြ အာတီတာဟာ အဆိုပါ ပြင်သစ်ကစားသမားကို ပြီးခဲ့တဲ့ဇန်နဝါရီလက အငှားခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ယခုတော့ မန်ယူ၊ အဲဗာတမ် တို့နဲ့အပြိုင် အပြီးသက်ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။
Dembele ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အင်တာမီလန်
Source: Sempreinter
အင်တာမီလန်ဟာ လိုင်ယွန် တိုက်စစ်မူး Moussa Dembele ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Corriere dello Sport ကဖော်ပြထားပါတယ်။ အဆိုပါ ကစားသမားကို မန်ယူနဲ့ချဲလ်ဆီးတို့ကလည်း ခေါ်ယူဖို့ ချိတ်ဆက်မူတွေ ပြုလုပ်လျက်ရှိနေပါတယ်။
ဟာလန်းကို စောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့စေလွှတ်သွားမယ့် ရီးရဲလ်
Source: AS English
နော်ဝေး နိုင်ငံသား ဟာလန်းကို ခေါ်ယူဖို့ မန်ယူအသင်းက လက်လျှော့လိုက်ပေမယ့် ရီးရဲလ်ကတော့ ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲပါ။
အဆိုပါကစားသမားကို စောင့်ကြည့်ဖို့အတွက် ကင်းထောက်အဖွဲ့ ကိုဂျာမန်မြေသို့ စေလွှတ်သွားမယ်လို့လည်း Mundo Deportivo ကဖော်ပြထားပါတယ်။ ရီးရဲလ်အသင်းဟာ တိုက်စစ်ပိုင်းကို မြှင့်တင်လိုနေတာကြောင့် ဂိုးများများသွင်းနိုင်မယ့် တိုက်စစ်မူးတစ်ဦးကို အရခေါ်ယူနိူင်ဖို့ ကြိုးစားနေပါတယ်။
ဆန်ချိုကို ခေါ်ယူဖို့ ကစားသမားတွေရောင်းချမယ့် ချဲလ်ဆီး
Source: AS English
ချဲလ်ဆီးဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ရောင်းချဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ချဲလ်ဆီးရောင်းချမယ့်ကစားသမားတွေထဲမှာ တိုက်စစ်မူးတွေဖြစ်တဲ့ Tiemoue Bakayoko နဲ့ Alvaro Morata တို့ပါဝင်နေပြီး ကစားသမား နှစ်ဦးအတွက် ပေါင် သန်း (၈၀) ခန့်ရဖို့ မျှော်မှန်းနေတယ်လို့ Express ကဖော်ပြထားပါတယ်။ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း (၁၂၀) ခန့်ရှိနေပြီး မန်ယူအသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေလျက်ရှိပါတယ်။