မန်စီးတီးကြယ်ပွင့်ကစားသမား ဘာနန်ဒိုဆေးဗားကိုခေါ်ယူဖို့ မျက်စိကျလာတဲ့ ဘာစီလိုနာ
Source: portugalinews
ဘာစီလိုနာဟာ မန်စီးတီးကြယ်ပွင့်ကစားသမား ဘာနန်ဒိုဆေးဗားကိုခေါ်ယူဖို့ မျက်စိကျနေတယ်လို့ Transfer Window Podcast ကဖော်ပြထားပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာကြောင့် အဓိကစားသမားတွေ လက်လွှတ်ရဖွယ်ရှိနေပါတယ်။
ဘာကာက ဒီအခွင့်အရေးကို အသုံးချပြီး ဆေးဗားကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ သူဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားထားပါတယ်။
Camavinga ကိုခေါ်ယူဖို့ ယူရို သန်း (၇၀) အသုံးပြုဖွယ်ရှိတဲ့ ရီးရဲ
Source: BeIn Sports
စပိန်ကလပ် ရီးရဲမက်ဒရစ်ဟာ ဆယ်ကျော်သက်အရွယ်ကစားသမားတစ်ဦးဖြစ်သူ Camavinga ကိုယူရို သန်း (၇၀) သုံးပြီးခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ Marca ရဲ့ဖော်ပြချက်အရသိရပါတယ်။
Camavinga ဟာ အသက် (၁၇) နှစ်အရွယ်သာရှိသေးပြီး ရီးရဲအသင်းက တခြားအသင်းတွေ လက်မဦးခင် အမြန်ခေါ်ယူလိုနေတာပါ။ အဆိုပါကစားသမားရဲ့ တန်ကြေးဟာ ဈေးကွက်ထဲမှာ ယူရို သန်း (၇၀) ဝန်းကျင်ရှိနေပါတယ်။
ဝုဒ်တိုက်စစ်မူး ဂျိုတာ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့မန်ယူ
Source: akurat
မန်ချက်စတာယူနိုတ်တတ် အသင်းဟာ ဝုဒ်အသင်းရဲ့ တိုက်စစ်မူး ဂျိုတာ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Calcio Mercato မှာဖော်ပြထားပါတယ်။
အဆိုပါ အသက် (၂၃) နှစ်အရွယ်ကစားသမားကို မန်ယူအသင်းက သူတို့အားနည်းနေတဲ့ တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် လာမဲ့အပြောင်းရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ကြိုးစားလာဖွယ်ရှိနေပါတယ်။
ဂျိူတာဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး (၃) ဂိုးသာရှိသေးပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ သွင်းဂိုး (၉) ဂိုးအထိ ရရှိထားပါတယ်။
Onana ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ယှဉ်ပြိုင်ရမဲ့ ချဲလ်ဆီး
Source: Teamtalk
ဘာစီလိုနာအသင်းဟာ အေဂျက်ဂိုးသမား Onana ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ Sport ကဖော်ပြထားပါတယ်။ အဆိုပါ အသက် (၂၃) နှစ်အရွယ် ဂိုးသမားဟာ နယ်သာလန်ကလပ်ကို မပြောင်းရွှေ့မီ ဘာစီလိုနာ အကယ်ဒမီမှာ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ ရှိနေခဲ့တာပါ။ အခုတော့ ဘာစီလိုနာဟာ သူတို့ရဲ့ အကယ်ဒမီထွက်လေးကို ပြန်လည်ခေါ်ယူချင်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ အဆိုပါဂိုးသမားကို ခေါ်ယူဖို့ ကြိုးစားနေတာ ကြာပါပြီ။ တဖြည်းဖြည်း စွမ်းဆောင်ရည် လျှော့ကျလာနေတဲ့ ဂိုးသမား Kepa မှာနေရာမှာ အစားထိုးဖို့ Onana ကိုခေါ်ယူရာမှာ ချဲလ်ဆီးဟာ ဘာစီလိုနာ နဲ့ အပြိုင်လုရဖွယ်ရှိနေပါတယ်။