ဆာလာ့ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

Source: Goal.com

ဘာစီလိုနာနည်းပြဖြစ်သူ ကိုးမန်းဟာ လီဗာပူး ကြယ်ပွင့်ကစားသမား ဆာလာ့ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Express ကဖော်ပြထားပါတယ်။

လီဗာပူးအသင်းဟာ ဆာလာ့ကို အသင်းမှာ ဆက်ထိန်းထားဖို့အတွက် ကြိုးစားရဖွယ်ရှိနေပါတယ်။ ဘာစီလိုနာဟာ ဆာလာ့ရဲ့အသင်းဖော်ဖြစ်သူ မာနေးကို ခေါ်ယူဖို့ ကာလရှည်ကြာကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်းမရှိတာကြောင့် ယခု ဆာလာ့ကို ပစ်မှတ်ထားလာခြင်းဖြစ်ပါတယ်။

ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ မန်ယူ

Source: The Sun

ဒေါ့မွန် တိုက်စစ်မူးလေး ဆန်ချိုကို ခေါ်ယူနိူင်ဖို့ အခွင့်အရေး နည်းလာတာကြောင့် မန်ယူဟာ ရီးရဲတိုက်စစ်မူး ဘေးလ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာကြောင်း Express ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒေါ့မွန်အသင်းတာဝန်ရှိသူတွေဟာ ဆန်ချိုအတွက် သက်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို တစ်ပြားမျှလျှော့ပေးခြင်းမရှိတာကြောင့် မန်ယူအတွက် အဆိုပါကစားသမားကို ခေါ်ယူဖို့ အခတ်တွေ့နေခြင်းဖြစ်ပါတယ်။

ရီးရဲအသင်းဟာ ဘေးလ်ကို ခေါ်ယူမယ့်အသင်းအား လစာတစ်ဝက် စိုက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ဆယ်ကျော်သက် ဂိုးသမားကို ခေါ်ယူလိုက်တဲ့ လီဗာပူး

Source: Opera News

လီဗာပူးအသင်းဟာ ဘရာဇီးကလပ် Fluminense မှ အသက် (၁၇) နှစ်အရွယ်သာရှိသေးတဲ့ ဂိုးသမား မာဆယ်လို ပီတာလူဂါ ကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဆယ်ကျော်သက်ဂိုးသမားလေးဟာ အင်္ဂလန်ကို လာရောက် ဆေးစစ်ဖို့ အသင့်ဖြစ်နေပါပြီ။ ဆေးစစ်ပြီးတာနဲ့ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

အင်တာမီလန် သို့ပြောင်းရွှေ့တော့မယ့် ဗီဒယ်လ်

Source: The Sun

ဘာစီလိုနာ ကွင်းလယ်ကစားသမား ဗီဒယ်ဟာ အင်တာကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

Gianluca di Marzio ရဲ့ဖော်ပြချက်အရ ဗီဒယ်ဟာ ဘာစီလိုနာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျတ်သိမ်းဖို့အတွက် ဆွေးနွေးမူတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ စာချုပ်ဖျတ်သိမ်းပြီးပါက အင်တာသို ပြောင်းရွှေ့ကစားဖို့ ပြင်ဆင်နေပါတယ်။

ရီးရဲ နောက်ခံကစားသမား မာဆယ်လို ကိုခေါ်ယူဖို့ ချိတ်ဆက်နေကြတဲ့ ဂျူဗီတပ်နဲ့အင်တာ

Source: Besoccer

စီးရီအေထိပ်သီးကလပ်တွေဖြစ်တဲ့ ဂျူဗီတပ်နဲ့အင်တာမီလန် တို့ဟာ ရီးရဲဘယ်တောင်ပံ ခံစစ်ကစားသမားဖြစ်သူ မာဆယ်လို ကိုခေါ်ယူဖို့ ချိတ်ဆက်မူတွေ ပြုလုပ်နေကြတယ်လို့ AS ကဖော်ပြထားပါတယ်။

ဒါပေမယ့် နှစ်သင်းစလုံးဟာ ကစားသမားကတောင်းဆိုတဲ့ လုပ်ခလစာငွေကို ပေးချေလိုခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ဖာလန် မန်ဒီက ရီးရဲအသင်းမှာ ခြေစွမ်းပြကစားနေတာကြောင့် မာဆယ်လိုဟာ သူ့ရဲ့အနာဂတ်ကို စဉ်းစားနေတာဖြစ်ကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။