ကော်တင်ဟိုကို အရှုံးခံရောင်းချတော့မယ့် ဘာစီလိုနာ

Source: Goal.com

ဘာစီလိုနာဟာ သူတို့ရဲ့ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သူ ကော်တင်ဟိုကို ဝယ်ရင်းဈေးထက် များစွာလျှော့ချကာ ရောင်းထုတ်တော့မယ်ဖြစ်ကြောင်း သိရပါတယ်။

Evening Standard ရဲ့ဖော်ပြချက်အရ ကော်တင်ဟိုအတွက် ယူရို သန်း (၈၀) ခန့်ရရင် ရောင်းချဖွယ်ရှိကြောင်း သိရပါတယ်။ အဆိုပါ အသက် (၂၇) နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ဘေယန်မြူးနစ်မှာ အငှားဖြင့် သွားရောက်ကစားနေတာဖြစ်ပါတယ်။

အစပိုင်းတုံးကတော့ ဘာကာဟာ သူတို့ရဲ့ကစားသမားအတွက် ယူရို သန်း (၁၂၀) မရဘူးဆိုရင် ရောင်းချလိုခြင်းမရှိခဲ့ပေမယ့် အခုအခါမှာတော့ အခြားအသင်းအပေါ် အကျိုးပြုနိူင်မယ့်ကစားသမားတွေကို ဝယ်ယူနိူင်ဖို့အတွက် အဆိုပါကွင်းလယ်ကစားသမားကို ဈေးနှုန်းလျှော့ချပြီး မြန်မြန်ရောင်းထုတ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

ရာကီတစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အက်တလန်တီကိုမက်ဒရစ်

Source: The Sun

အက်တလန်တီကိုမက်ဒရစ်ဟာ ဘာကာ ကွင်းလယ်ကစားသမား ရာကီတစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ အဆိုပါ အသက် (၃၁) နှစ်အရွယ် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ အက်တလန်တီကိုမက်ဒရစ် အနေနဲ့ ပေါင် (၁၇) သန်းခန့်သာ အသုံးပြုရဖွယ်ရှိနေပါတယ်။

ရာကီတစ်ဟာ Frenkie de Jong ရောက်ရှိလာပြီးကတည်းက အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေခဲ့ရတာပါ။

အီကာဒီကို‌ ခေါ်ယူဖို့မျက်စီကျနေတဲ့ ဂျူဗီတပ်

Source: CalcioMercato

ဂျူဗီတပ်ဟာ အီကာဒီကို‌ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Calciomercato ရဲ့ဖော်ပြချက်အရသိရပါတယ်။ အဆိုပါ အင်တာမီလန်တိုက်စစ်မူးဟာ PSG အသင်းမှာ အငှားနဲ့ သွားရောက်စားနေတဲ့သူဖြစ်ပြီး ပြင်သစ်ကလပ်ကလည်း အပြီးသက် စာချုပ်ချုပ်ဆိုလိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ဂျူဗီတပ်ဟာ အီကာဒီကို ခေါ်ယူနိူင်ဖို့အတွက် သူတို့ရဲ့ကစားသမားတွေဖြစ်တဲ့ Miralem Pjanic ဒါမှမဟုတ် Mattia De Sciglio ကိုရောင်းထုတ်တာဖြစ်ဖြစ် အငှားချတာဖြစ်ဖြစ် ပြုလုပ်ဖွယ်ရှိနေပါတယ်။