အဲရစ်ဆင်ကို ရောင်းချဖို့ စီစဉ်နေတဲ့ အင်တာမီလန်

Source: Goal.com
အင်တာမီလန်အသင်းဟာ ကွင်းလယ်ကစားသမား အဲရစ်ဆင် ကိုရောင်းချဖို့ စပါးအသင်းကို ကမ်းလှမ်းထားတယ်လို့ Football Insider ကဖော်ပြထားပါတယ်။
အဆိုပါ ဒိန်းမက်ခ် လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က စပါးအသင်းကနေ အင်တာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ခြေစွမ်းမပြနိုင်ပဲ ဖြစ်နေခဲ့ပါတယ်။ သတင်းတွေအရ အဲရစ်ဆင် ကိုရောင်းချဖို့ ပရီးမီးယားလိဂ် အသင်းကြီးတွေကို အင်တာမီလန်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အငှားထွက်ကစားချင်နေတဲ့ လီဗာပူးဂိုးသမား Caoimhim Kelleher

Source: Goal.com
လီဗာပူးဂိုးသမား Caoimhim Kelleher ဟာ ဇန်နဝါရီလကတည်းက အသင်းကနေ အငှားဖြင့် အခြားအသင်းထံ သွားရောက်ကစားချင်နေခဲ့တာလို့ Irish Examiner ရဲ့ဖော်ပြချက်အရသိရပါတယ်။
အဆိုပါ အသက် (၂၁) နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အငှားထွက်ကစားရမှာဖြစ်ပေမယ့် အသင်းရဲ့အဓိက ဂိုးသမား အဲလီဆန် ဒဏ်ရာရရှိသွားတာကြောင့် အေဒရီရန် ပြီးနောက် အရန်ဂိုးသမားအဖြစ် ရှိနေခဲ့တာပါ။
ချဲလ်ဆီးမှ အီမာဆန်ကို ခေါ်ယူဖို့ ကြိုးစားမယ့် ဂျူဗီတပ်

Source: Sports Mole
ဂျူဗီတပ်အသင်းဟာ ချဲလ်ဆီးအသင်းမှ အီမာဆန် ကိုလာမယ့် ဇန်နဝါရီလမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။ စီးရီးအေ ချန်ပီယံ ဂျူဗီတပ်ဟာ အဆိုပါကစားသမားကို အငှားဖြင့်ဦးစွာခေါ်ယူပြီး အငှားစာချုပ်ပြည့်ပါက အပြီးသပ်ဝယ်ယူခွင့်ပါ ထည့်သွင်းရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ဂျူဗီတပ် ကွင်းလယ်ကစားသမား Federico Bernardeschi ဟာလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
ဟန်ဒါဆန်ကို အငှားချသွားဖွယ်ရှိနေတဲ့ မန်ယူ

Source: Sheffield-United-News
မန်ချက်စတာယူနိုက်တက်အသင်းဟာ အရန်ဂိုးသမား ဟန်ဒါဆန်ကို လာမယ့် ဇန်နဝါရီလတွင် အငှားချသွားဖွယ်ရှိနေကြောင်း ESPN ကဖော်ပြထားပါတယ်။
ဟန်ဒါဆန်အနေနဲ့ မန်ယူအသင်းမှာ အဓိကဂိုးသမားဖြစ် ပါဝင်ကစားပေးချင်နေတာဖြစ်ပါတယ်။ အဆိုပါဂိုးသမားအနေနဲ့ ယူရို (၂၀၂၀) ပြိုင်ပွဲတွင် နိုင်ငံလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပွဲထွက်ခွင့်သေချာတဲ့ အသင်းမှာ ကစားဖို့လိုအပ်နေတာပါ။
