ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ ကစားသမားအပြောင်းအရွှေ့သတင်းတိုများ

အဲဗာတန်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်လာတဲ့ James Rodriguez

Source: Goal.com

James Rodriguez နဲ့ ရီးရဲလ်တို့ကြားချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၁) တွင်ကုန်ဆုံးတော့မှာပါ။ Mundo Deportivo ရဲ့ဖော်ပြချက်အရ အဲဗာတန်ဟာ Rodriguez ကိုခေါ်ယူနိူင်ဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဗာတန်နည်းပြ Carlo Ancelotti ဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူနဲ့ ပြန်လည်လက်တွဲရဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ အဆိုပါ ကိုလံဘီယာ ကစားသမားကို အာဆင်နယ်၊ ချဲလ်ဆီး နဲ့ ဝုဗ် တို့ကလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အဲဗာတန်ကတော့ အသက် (၂၈) နှစ်အရွယ် Rodriguez (၄) နှစ်စာချုပ်နဲ့ ခေါ်ယူချင်နေတာပါ။

မာတန်ကို နေ့တိုင်းနီးပါး ဖုန်းခေါ်နေတဲ့ လမ်းပက်

Source: Daily Mail

ချဲလမ်ဆီးနည်းပြ လမ်းပက်ဟာ နာပိုလီ ကြယ်ပွင့် မာတန်ကို ခေါ်ယူနိူင်ဖို့ နေ့တိုင်းနီးပါး ဖုန်းဆက်နေတယ်လို သိရပါတယ်။ မာတန်ဟာ ဒီဘောလုံးရာသီ ကုန်သွားရင် စာချုပ်ပြည့်တော့မှာမို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိူင်တာကြောင့် အသင်းတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

ဒါကြောင့် လမ်းပက်ဟာလည်း အဆိုပါ အသက် (၃၂) နှစ်အရွယ်ကစားသမားကို အခြားအသင်းတွေထက် လက်ဦးမူရယူနိူင်အောင် နေ့တိုင်းနီပါး ဖုန်းဆက်နေတာလည်းဖြစ်ပါတယ်။

ဂါဘရီယဲကို အာဆင်နယ်၊ ချဲလ်ဆီး နဲ့ အဲဗာတန်တို့က ခေါ်ယူဖို့ ကြိုးစားနေ

Source:football Whispers

အာဆင်နယ်၊ ချဲလ်ဆီး နဲ့ အဲဗာတန်တို့ဟာ လိုင်လီ နောက်ခံလူ ဂါဘရီယဲကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Le10Sport ကဖော်ပြထားပါတယ်။

အဲဗာတန်ကတော့ အဆိုပါ အသက် (၂၂) အရွယ်ကစားသမားအတွက် ယူရို (၃၅) တန်းတန် ကမ်းလှမ်းမူတခု ပြုလုပ်ထားပြီးဖြစ်ပါတယ်။ လက်စတာကလည်း အဆိုပါ ကစားသမားကို မျက်စိကျနေတာကြောင့် ဂါဘရီယဲ အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားမယ်ဆိုရင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖွယ်ရှိနေပါတယ်။

ဘာစီလိုနာနဲ့ချဲလ်ဆီးတို့ရဲ့ ပစ်မှတ်ဖြစ်သူ အိုနာနာ အသင်းပြောင်းရွှေ့ချင်နေ

Source: bein Sports

အေဂျက် ကစားသမား အိုနာနာဟာ အသင်းပြောင်းရွှေ့လိုနေကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါကစားသမားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ကစားချင်နေတာပါ။ အသက် (၂၄) သာရှိသေးတဲ့ အိုနာနာဟာ (၂၀၁၅) မှာဘာကာ ကနေဟော်လန်လိဂ်ကို ရောက်ရှိလာခဲ့သူပါ။

အဆိုပါ ကင်းမရွန်း ဂိုးသမားဟာ ဥရောပ အသင်းတော်တော်များများရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပြီး အဆိုပါ အသင်းတွေထဲမှာ ချဲလ်ဆီး နဲ့ စပါးအသင်းတို့လည်း ပါဝင်နေကြောင်း သိရပါတယ်။

တိုနာလီ ကိုမျက်စိကျနေတဲ့ အင်တာမီလန်

Source: Sempreinter

စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ဟာ ဘရက်စီယာ ကွင်းလယ်လူ တိုနာလီ ကိုခေါ်ယူဖို့ မျက်စိကျနေတယ်လို့ Corriere dello Sport ကဖော်ပြထားပါတယ်။

အဆိုပါ အသက် (၂၀) အရွယ် ကစားသမားဟာ အီတလီ ဂန္တဝင် ကစားသမား ပီယာလို နဲ့ကစားပုံခြင်း ဆင်တူတယ်လို့ သက်မှတ်ခံထားရသူပါ။ အဆိုပါကစားသမားကို ခေါ်ယူနိူင်ဖို့အတွက် အင်တာဟာ ခါးသီးပြိုင်ဘက် ဂျူဗီတပ်နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။