ဟယ်ရီကိန်းကို ခေါ်ယူချင်နေတဲ့ ဂျူဗီတပ် နှင့် အခြားဘောလုံးလောက သတင်းတိုများ

လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဟယ်ရီကိန်းကို ခေါ်ယူချင်နေတဲ့ ဂျူဗီတပ်

Source: Business Insider

စပါးတိုက်စစ်မူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စီးရီးအေထိပ်သီးကလပ် ဂျူဗီတပ်က စိတ်ဝင်စားနေတယ်လို့ Tuttosport ကဖော်ပြထားပါတယ်။

အဆိုပါ စီးရီးအေချန်ပီယံ ဂျူဗီတပ်ဟာ အင်တာမီလန် တိုက်စစ်မူး အီကာဒီ ကိုခေါ်ယူဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေတာပါ။ လာမဲ့နှစ် ဘောလုံးရာသီမှာ စပါးအသင်းကသာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ပါက တိုက်စစ်မူး ဟယ်ရီကိန်းကို လက်လွတ်ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

အင်တာမီလန်နောက်ခံလူ ဘာစတိုနီ ကိုခေါ်ယူချင်နေတဲ့ မန်စီးတီး

Source: FantaMaster

မန်စီးတီးအသင်းဟာ အင်တာမီလန်နောက်ခံလူ ဘာစတိုနီကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ Tuttosport မှာဖော်ပြထားပါတယ်။

ဘာစတိုနီဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ နှစ်သက်သဘောကျနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါ အသက် ၂၀ အရွယ်နောက်ခံကစားသမားဟာ Diego Godin ရဲ့နောက်ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ကစားနေရပြီး ပွဲထွက်ခွင့် များများရဖို့အတွက် အသင်းကနေ ထွက်ခွာချင်နေတာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ အေစီမီလန် နောက်ခံလူ Skriniar ခေါ်ယူဖို့ ချိတ်ဆက်မူတွေပြုလုပ်နေပေမဲ့လည်း ပြောင်းရွှေ့ကြေးသက်သာတဲ့ ဘာစတိုနီ ကိုဦးစားပေးခေါ်ယူဖွယ်ရှိနေပါတယ်။

မန်ချက်စတာမှာ ဆက်ရှိနေဦးမယ့်ပေါ့ဘာ

Source: Liputan6

မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာဟာ အိုထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေမယ့်ဆိုတဲ့ ကောလဟာလတွေ ထွက်လာနေပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာကနေ ထွက်ခွာဖို့အတွက် ကလပ်အသင်းကြီးတွေနဲ့ ချိတ်ဆက်မူတွေ ပြုလုပ်ခဲ့ပေမဲ့ အောင်မြင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Daily Mail ရဲ့ဖော်ပြချက်အရ အဆိုပါ ပြင်သစ်ကစားသမားဟာ မန်ယူမှာ ခြေစွမ်းပြနေတဲ့ ဘရိုနိုဖာနန်ဒက်စ် နဲ့အတူ တွဲဖက်ကစားလိုတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖွယ်ရှိနေတယ်ဆို ဖော်ပြထားပါတယ်။

ရီးရဲမက်ဒရစ်ကစားသမား James Rodriguez ကို ပေါင် ၇၁ သန်းပေးချေကာ ခေါ်ယူဖွယ်ရှိနေတဲ့ ဝုဗ်

Source: The Great celebrity

Daily Mail ရဲ့ဖော်ပြချက်အရ ဝုဗ်အသင်းဟာ ရီးရဲမက်ဒရစ်ကစားသမား James Rodriguez ကို ပေါင် ၇၁ သန်းပေးချေကာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ကိုလံဘီယာ ကစားသမားဟာ ရီးရဲအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေကလည်း ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။