Fati နဲ့ Pjanic တို့ကိုကစားသမားချင်းအလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းလိုက်တဲ့ ဂျူဗီတပ်နှင့်အခြားအပြောင်းအရွှေ့သတင်းတိုများ

Fati နဲ့ Pjanic တို့ကိုကစားသမားချင်း အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းလိုက်တဲ့ ဂျူဗီတပ်

Source: Goal.com

Sport ရဲ့ဖော်ပြချက်အရ ဂျူဗီတပ်ဟာ ဘာစီလိုနာ လူငယ်တိုက်စစ်မူး Ansu Fati ကို Pjanic ဖြင့် ကစားသမားချင်းအလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။Ansu Fati ဟာဘာစီလိုနာမှာ ခြေစွမ်းတွေပြနေပေမယ့် ပွဲထွက်ဖို့အတွက် ရုန်းကန်နေတဲ့သူလည်းဖြစ်ပါတယ်။

ဘေယန်မြူးနစ်မှ Davies ကိုခေါ်ယူဖို့ကြိုစားနေတဲ့ ဆွမ်ဆီး

Source: Manchester Evening News

ဆွမ်ဆီးဟာ ဘေယန်မြူးနစ်မှ Alphonso Davies ကိုခေါ်ယူဖို့ကြိုးစားနေတယ်လို့ The Sun ကဖော်ပြထားပါတယ်။အဆိုပါ ကစားသမားဟာ (၂၀၁၇) ခုနှစ်တုန်းက ဆွမ်ဆီးအသင်းထံ ရောက်လုနီးနီးဖြစ်ခဲ့ပေမယ့် ဗီဇာအခတ်အခဲကြောင့် ပျက်ပြယ်ခဲ့ရတာပါ။

ဘင်ဖီကာကို ပြန်သွားရင် လစာဖြတ်တောက်ခံရနိူင်တဲ့ David Luiz

Source: Plataforma Media

Mirror ရဲ့ဖော်ပြချက်အရ David Luiz အနေနဲ့ဘင်ဖီကာကို ပြန်သွားခဲ့မယ်ဆိုရင် လစာလျှော့ချခံရနိူင်တယ်လို့ သိရပါတယ်။အဆိုပါဘရာဇီးသားဟာ လက်ရှိမှာ အာဆင်နယ်အသင်းတွင် ကစားနေပြီး ပေါ်တူဂီကလပ်ဆီ ပြန်သွားမည်ဆိုပါက ကလပ်အသင်းရဲ့လစာ ကန့်သက်ချက်တွေကြောင့် လစာလျှော့ယူရဖွယ်ရှိနေတာပါ။

အီကာဒီကို အပြီးသက်ဝယ်ယူလိုက်ပြီဖြစ်တဲ့ PSG

Source: AS English

PSG ဟာအသင်းမှာ အငှားဖြင့်လာရောက်ကစားနေတဲ့ အင်တာတိုက်စစ်မူး အီကာဒီကိုအပြီးသက် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။အဆိုပါ ကစားသမားအတွက် PSG ဟာ ယူရို သန်း (၅၀) ပေးချေခဲ့ရပြီး အပိုဆုကြေးအနေနဲ့ ယူရို (၈) သန်းထပ်မံပေးချေခဲ့ရကြောင်း သိရပါတယ်။

ကော်တင်ဟိုကို ခေါ်ယူဖို့ နှာတစ်ဖျားသာနေတဲ့ ချဲလ်ဆီး

Source: CaughtOffside

ချဲလ်ဆီးအသင်းဟာ ကော်တင်ဟိုကို ပေါင် (၁၀) သန်းဖြင့်အငှားခေါ်ယူနိူင်ရန် နီးစပ်နေကြောင်းသိရပါတယ်။ဘာစီလိုနာနှင့်ဘေယန်မြူးနစ်မှာပါ အနာဂက်မတည်မငြိမ်ဖြစ်နေတဲ့ အဆိုပါဘရာဇီးသားဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ခြေချဖို့အတွက် စိတ်အားထက်သန်နေကြောင်းသိရပါတယ်။ ကော်တင်ဟိုကို အာဆင်နယ်၊ စပါး၊ မန်ယူ နဲ့ လက်စတာ တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။