ဂရေ့ဇ်မန်း ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ လီဗာပူး၊ အာဆင်နယ်၊ မန်ယူ

Source: Goal.com
ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်၊ မန်ယူ တို့ဟာ ဘာစီလိုနာတိုက်စစ်မှူး ဂရေ့ဇ်မန်း ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။
ရော်နယ်ကိုးမန်းဟာ မက်ဆီအနေနဲ့ ဘာစီလိုနာကို စွန့်ခွာသွားရင် ဂရေ့ဇ်မန်း ကိုပွဲထွက်ခွင့်ပေးဖို့ ကတိခံထားတာပါ။ ယခု မက်ဆီဟာ အသင်းမှာဆက်ရှိနေဖို့ သေချာသွားတဲ့အတွက်ကြောင့် ဘာစီလိုနာမှာ ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရတဲ့ ဂရေ့ဇ်မန်း ဟာအသင်းပြောင်းဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
ဒါဘီမှ Bogle နဲ့ Lowe ကိုခေါ်ယူမယ့် ရှက်ဖ်ဖီးယူနိုက်တက်

Source: Derby County
ရှက်ဖီးယူနိုက်တက်အသင်းဟာ ဒါဘီမှ ကစားသမားနှစ်ယောကို ကိုခေါ်ယူဖို့ နီးစပ်နေကြောင်း Daily Mail ကဖော်ပြထားပါတယ်။
ဒါဘီအသင်းကနေခေါ်ယူမယ့် ကစားသမားနှစ်ယောက်ကတော့ Jayden Bogle နဲ့ Max Lowe တို့ဖြစ်ပြီး နှစ်ဦးပေါင်း ပြောင်းရွှေ့ကြေးကတော့ ပေါင် (၁၀) သန်းခန့်ရှိမယ်လို့ သိရပါတယ်။
Wijnaldum အတွက် ဈေးနှုန်းသက်မှတ်လိုက်တဲ့ လီဗာပူး

Source: The-Boot-Room
လီပါဗူးဟာ အသင်းတိုက်စစ်မှူးတစ်ဦးဖြစ်သူ Wijnaldum ကို ဘာစီလိုနာအသင်းထံသို့ ပေါင် (၁၅) သန်းဖြင့် ရောင်းချလိုနေကြောင်း သိရပါတယ်။
အဆိုပါ နယ်သာလန် တိုက်စစ်မှူးဟာ လီဗာပူးအသင်းနဲ့ (၂၀၂၁) တွင်စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ Wijnaldum အတွက် ပေါင် (၁၀) သန်းဖြင့် ကနဦးကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
Gvardiol ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ လိဒ်စ်

Source: Media Referee
လိဒ်စ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် နောက်ဆုံး ကစားသမားခေါ်ယူမူအဖြစ် Josko Gvardiol ကိုခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အသက် (၁၈) နှစ်အရွယ်သာရှိသေးတဲ့ နောက်ခံကစားသမား Gvardiol ဟာ ဒိုင်နမို ဇာဂရက် အသင်းမှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဈေးကွက်တန်ဖိုးအနေနဲ့ ပေါင် (၁၇.၆) သန်းခန့်ရှိနေပါတယ်။
