မာနေးနေရာမှာအစားထိုးဖို့ ဘာပေးကိုမျက်စိကျလာတဲ့ လီဗာပူး နှင့် ဘောလုံးလောက သတင်းတိုများ
Source: Sports Illustrated
လီဗာပူးအနေနဲ့ မာနေးကို ရီးရဲလ်အသင်းထံ လာမည့် အပြောင်းအရွှေ့ကာလတွင် လက်လွတ်ရပါက ဘာပေးဟာ လီဗာပူးရဲ့ ပစ်မှတ်တစ်ခုဖြစ်လာနိူင်ဖွယ်ရှိတယ်လို့ The Sun ကဖော်ပြထားပါတယ်။
ရီးရဲလ်နည်းပြ ဇီဒန်းဟာ မာနေးကို ပေါင် သန်း (၁၅၀) ခန့်ပေးချေပြီး ခေါ်ယူချင်နေတာပါ။ လီဗာပူးအသင်းကတော့ မာနေးကို (၂၀၂၃) ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပေမယ့် ရီးရဲလ်အသင်းနဲ့မာနေးရဲ့အေးဂျင့်တို့ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေမူတွေကြောင့် မာနေးအသင်းမှာဆက်ရှိနေဖို့ မသေချာမရေရာဖြစ်နေတာပါ။
တကယ်လိုသာမာနေးကို လက်လွတ်ခဲ့ရပါက ဘာပေးဟာ လီဗာပူးရဲ့ နံပက်တစ် ပစ်မှတ်ဖြစ်လာဖွယ်ရှိနေပါတယ်။
မန်ယူအသင်းရဲ့ပစ်မှတ် ဆန်ချိုကို ကြားဖြတ်ခေါ်ယူဖို့ စီစဉ်နေတဲ့ ရီးရဲလ်
Source: Bein Sports
Daily Star ရဲ့ဖော်ပြချက်အရ ရီးရဲလ်အသင်းဟာ မန်ယူအသင်း ခေါ်ယူမယ့် ဒေါ့မွန်ကစားသမား ဆန်ချိုကို ကြားဖြတ်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့နှင့် ဂိုးသမား ဒီဂီယာရဲ့ မဖြစ်မြောက်ခဲ့တဲ့ အပြောင်းအရွှေ့တွေကြောင့် အဆိုပါနှစ်သင်းကြားမှာ ပြသာနာလေးတွေ ရှိနေတာပါ။ အခုတော့ ဆန်ချိုကို လာမယ့် အပြောင်းအရွှေ့ကာလမှာ အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။
ဆယ်ကျော်သက်နောက်ခံလူ Lamare Bogarde ကိုခေါ်ယူဖို့မျက်စိကျနေတဲ့ စပါး
Source: Lilywhite Rose
Football insider ရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ ဒက်ချ် ဆယ်ကျော်သက်နောက်ခံလူ Lamare Bogarde ကိုခေါ်ယူဖို့မျက်စိကျနေတယ်လို့သိရပါတယ်။
Feyenoord လူငယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အဆိုပါအသက် (၁၆) နှစ်အရွယ်သာရှိသေးတဲ့ ကစားသမားကို စပါးကင်းထောက်တွေက တစ်ရာသီလုံး စောင့်ကြည့်နေခဲ့တာပါ။
စပါးနှင့်အတူ Borussia Dortmund, Schalke, Juventus and AC Milan တို့ကလည်း အဆိုပါ ဆယ်ကျော်သက်ကစားသမားလေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
မန်ယူမှာဆက်နေမယ်ဆိုရင် လစာ ဖြတ်တောက်ခံရနိူင်တဲ့ အီဂါလို
Source: AS English
အီဂါလိုအနေနဲ့ မန်ယူအသင်းမှာ ဆက်နေမယ်ဆိုရင် လက်ရှိရနေတဲ့ လစာရဲ့ သုံးပုံနှစ်ပုံခန့် ဖြတ်တောက်ခံရဖွယ်ရှိနေတယ်လို့ Daily Star ကဖော်ပြထားပါတယ်။
အီဂါလိုဟာ Shanghai Shenhua အသင်းကနေ မန်ယူမှာအငှားဖြင့် လာရောက်ကစားနေတာဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကတော့ သူ့ကိုအသင်းမှာ ဆက်ထိန်းထားချင်နေတာပါ။
ဒါပေမယ့် အီဂါလိုသာ အသင်းမှာဆက်ရှိနေမယ်ဆိုရင် လခလျှော့ယူရဖွယ်ရှိနေပါတယ်။