မာနေးကို ခေါ်ယူဖို့မျက်စိကျလာတဲ့ ရီးရဲမက်ဒရစ်နှင့် အခြားဘောလုံးလောက သတင်းတိုများ

မာနေးကို ခေါ်ယူဖို့မျက်စိကျလာတဲ့ ရီးရဲမက်ဒရစ်

Source: AS English

Mirror ရဲ့ဖော်ပြချက်အရ လီဗာပူးကစားသမား မာနေးဟာ ရီးရဲအသင်းရဲ့လာမဲ့အပြောင်းအရွှေ့စာရင်းမှာထိပ်ဆုံးက ပါဝင်နေတယ်လို့ သိရပါတယ်။

လီဗာပူးကတော့ သူတို့ရဲ့အဓိကကစားသမား တစ်ဦးဖြစ်တဲ့မာနေးကို ရောင်းချလိုချင်းမရှိဘူးလို့လည်းသိရပါတယ်။

ဒါပေမဲ့ ရီးရဲအသင်းကတော့ မာနေးကို ပေါင် သန်း (၁၄၀) နဲ့ခေါ်ယူနိူင်မယ်လို့ ယုံကြည်နေပါတယ်။

အီဂါလိုရဲ့ပြောင်းရွှေ့ကြေးကိုသက်မှတ်လိုက်တဲ့ Shanghai Shenhua

Source: ManUtdTimes

တရုတ်ကလပ် Shanghai Shenhua အသင်းဟာ အီဂါလိုရဲ့ပြောင်းရွှေ့ကြေးကို မန်ယူအသင်းတာဝန်ရှိသူတွေဆီ အကြောင်းကြားလိုက်ပြီလို့ Mirror ကဖော်ပြထားပါတယ်။ အဆိုပါ နိုင်ဂျီးရီးယားကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းထံ အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး ခြေစွမ်းပြနေတာပါ။

မန်ယူအသင်းဟာ အဆိုပါကစားသမားကို အပြီးသက် ခေါ်ယူစာချုပ်ချုပ်ဖို့အတွက် ပေါင် (၁၅) သန်းအသုံးပြုရမယ်လို့လည်း သိရပါတယ်။

Bailey ကိုခေါ်ယူဖို့ ပေါင် (၈၅) သန်းအသုံးပြုမဲ့ ချဲလ်ဆီး

Source: Talk Sport

ချဲလ်ဆီးအသင်းဟာ လေဗာကူဆင် အသင်းရဲ့ ကစားသမားတဦးဖြစ်သူ Leon Bailey ကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါ အသက် ၂၂ နှစ်အရွယ်ကစားသမားကို ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်နှင့် မန်ယူတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ချဲလ်ဆီးအသင်းဟာ အဆိုပါကစားသမားအတွက် ပေါင် (၈၅) သန်းခန့် အသုံးပြုဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ ဂျူဗီတပ်

Source: The Guardian

စီးရီအေ ထိပ်သီးကလပ် ဂျူဗီတပ်ဟာ ရော်နယ်ဒိုနှင့် ၂ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ပေါ်တူဂီကစားသမားနှင့် ဂျူဗီတပ်အသင်းတို့ကြားချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၂ တွင်ကုန်ဆုံးမှာဖြစ်ပြီး အသင်းဖက်က ၂၀၂၄ အထိသက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုချင်နေတာပါ။

ရော်နယ်ဒိုသာအဆိုပါကမ်းလှမ်းမူကို လက်ခံလိုက်ပါက အသက် ၃၉ နှစ်အထိ အီတလီမြေမှာ ကစားရဖွယ်ရှိနေပါတယ်။