လက်စတာမှ Chilwell ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး

Source: Ghanasoccernet

လက်စတာအသင်းရဲ့ နောက်ခံလူဖြစ်သူ Ben Chilwell ကိုခေါ်ယူဖို့ မန်စီးတီးအသင်းက စိတ်ဝင်စားနေတယ်လို့ Telegraph ရဲ့ဖော်ပြချက်အရသိရပါတယ်။

အဆိုပါ ညာနောက်ခံလူဟာ ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့ကစားဖို့ သတင်းထွက်နေသူဖြစ်ပြီး ယခု မန်စီးတီးအသင်းကလည်း ခေါ်ယူချင်နေတာပါ။ လက်စတာအသင်းဟာ Chilwell အတွက်ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် (၈၅) သန်းခန့်အလိုရှိနေကြောင်းသိရပါတယ်။

မန်ယူထက် ဒေါ့မွန်သို့ ပြောင်းရွှေ့လိုနေတဲ့ Bellingham

Source: Tribun Jogja

ဘာမင်ဂမ် ကွင်းလယ်လူ Jude Bellingham ဟာမန်ယူအသင်းထက် ဒေါ့မွန်သို့ ပြောင်းရွှေ့ကစားလိုနေတယ်လို့ Birmingham Mail ကဖော်ပြထားပါတယ်။ ဘာမင်ဂမ်တွင် ခြေစွမ်းပြကစားနေတဲ့ အဆိုပါ အသက် (၁၆) နှစ်အရွယ်ကစားသမားကို မန်ယူအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ကူလီဘာလီအတွက် ပေါင်သန်း (၁၀၀) ပေးချေဖို့ ဆန္ဒမရှိတဲ့ မန်ယူ

Source: Premier Bet Uganda

နာပိုလီမှ နောက်ခံလူ ကူလီဘာလီကို ခေါ်ယူလိုနေတဲ့ မန်ယူအသင်းရဲ့အိပ်မက်ဟာ ပျက်ပြယ်သွားပြီလို့ Mirror ကဖော်ပြထားပါတယ်။

နာပိုလီအသင်းက ကူလီဘာလီအတွက် ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း (၁၀၀) အလိုရှိနေပြီး မန်ယူအနေနဲ့ များပြားလှတဲ့ပြောင်းရွှေ့ကြေးကို ပေးချင်လိုခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ဝီလီယံမရှိတော့ပါက ချဲလ်ဆီးအတွက် ကစားပေးမှာမဟုတ်တဲ့ ပက်ဒရို

Source: ESPN.com

ဝီလီယံသာအသင်းကနေထွက်ခွာသွားပါက ပက်ဒရိုအနေနဲ့ ချဲလ်ဆီးအသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှာမဟုတ်ကြောင်း The Sun ရဲ့ဖော်ပြချက်အရသိရပါတယ်။

ကစားသမားနှစ်ယောက်လုံးရဲ့ စာချုပ်ဟာ ဒီဘောလုံးရာသီပြီးရင် ကုန်ဆုံးတော့မှာဖြစ်ပြီး ပက်ဒရိုအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ အလားအလာကောင်းနေပေမယ့် ဝီလီယံကတော့ အသင်းမှာဆက်ရှိနေဖို့ မသေချာဘူးဖြစ်နေပါတယ်။ အကယ်၍ ဝီလီယံသာ အသင်းမှထွက်ခွာသွားပါက ပက်ဒရိုလည်း ချဲလ်ဆီးနှင့် စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။

လက်စတာမှ Dennis Gyamfi ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရမ်းဂျား

Source: Media Referee

လီဗာပူးကစားသမားဟောင်း ဂျရက် ကိုင်တယ်နေတဲ့ ရမ်းဂျားအသင်းဟာ လက်စတာမှ Dennis Gyamfi ကိုခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ရမ်းဂျာဟာ လက်စတာမှ နောက်ခံလူ Calvin Bassey ကိုခေါ်ယူထားပြီးဖြစ်ပြီး ယခု ဒုတိယမြောက်ကစားသမားကို ထပ်မံခေါ်ယူဖို့ စီစဉ်နေတာပါ။

အဆိုပါ အသက် (၁၈) နှစ်အရွယ်ကစားသမားကို ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်နှင့်မန်ယူတို့ကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။