အင်တာမီလန်နောက်တန်းကစားသမား Skriniar ကိုယူရို (၈၅) သန်းပေးပြီးခေါ်ယူဖို့ပြင်နေတဲ့ မန်စီးတီး နှင့် အခြားဘောလုံးလောက သတင်တိုးများ
Source: Goal.com
မန်စီးတီးအသင်းဟာ လာမဲ့နွေရာသီမှာ နောက်တန်းခံစစ်မူး Skriniar ကိုယူရို (၈၅) သန်းပေးပြီးခေါ်ယူဖို့စီစဉ်နေတယ်လို့ Calciomercato ကဖော်ပြထားပါတယ်။
အဆိုပါ ဆလိုဗက်ကီးယား ကစားသမားကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ် အသင်းကြီးတွေကယူရို (၆၅) သန်းပေးပြီးခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဒါပေမဲ့ အင်တာမီလန်အသင်းကတော့ အဆိုပါ အသက် ၂၅ နှစ်အရွယ် ကစားသမားကို ယူရို (၈၅) သန်းမရတာကြောင့် ရောင်းချခဲ့ခြင်းမရှိခဲ့ပါဘူး။
Smalling အတွက်ပြောင်းရွှေ့ကြေးကို သက်မှတ်လိုက်တဲ့ မန်ယူ
Source: To The Lane And Back
မန်ယူအသင်းဟာ ရိုးမား အသင်းကအလိုရှိနေတဲ့ သူတို့ရဲ့နောက်တန်းခံစစ်မူး Smalling အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၂၅) သန်းသက်မှတ်လိုက်ပါတယ်။
Smalling ဟာရိုးမားအသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပြီး ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ရိုးမား အသင်းက အပြီးသတ် ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။
Kokcu ကိုခေါ်ယူဖို့ Ozil, Guendouzi နှင့် Sokratis တို့ကိုရောင်းချမဲ့ အာဆင်နယ်
Source: Football.London
အဆင်နယ်အသင်းဟာ Ozil, Guendouzi နှင့် Sokratis တို့ကိုရောင်းချပြီး ရရှိလာတဲ့ ငွေနဲ့ Feyenoord ကွင်းလယ်ကစားသမား Orkun Kokcu ကိုဝယ်ယူဖို့ စီစဉ်နေတယ်လို့ The Daily Mail ကဖော်ပြထားပါတယ်။
အဆိုပါ ဆယ်ကျော်သက် ကစားသမားကိုခေါ်ယူဖို့အတွက် ငွေကြေးမလုံလောက်တာကြောင့် အခုလို ကစားသမားတွေ ရောင်းချပြီး ရှာဖွေဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာ ကတော့ Kokcu ကိုလာမဲ့ နွေရာသီအပြောင်းအရွှေ့မှာ အရခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းထားကြောင်းသိရပါတယ်။
ဆဲလ်တစ်တိုက်စစ်မူး Edouard ကိုခေါ်ယူဖို့ ခြေလှမ်းပြင်လာတဲ့ အဲဗာတန်
Source: Get French Football News
လာမဲ့နွေရာသီမှာ ဆဲလ်တစ်တိုက်စစ်မူး Edouard ကိုခေါ်ယူဖို့ အဲဗာတန်အသင်းက စီစဉ်နေတယ်လို့ The Daily Mail ကဖော်ပြထားပါတယ်။
အဲဗာတန်အသင်းဟာ အဆိုပါ ပြင်သစ်တိုက်စစ်မူးကို ခေါ်ယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။ သူနဲ့အပြိုင် စပါးနှင့် လက်စတာအသင်းတို့ကလည်း Edouard ကိုခေါ်ယူချင်နေကြပါတယ်။
အဲဗာတန် အသင်းဟာ Edouard အတွက် ပေါင်သန်း (၃၀) ခန့်ပေးချေရဖွယ်ရှိနေပါတယ်။