မက်စီကို ခေါ်ယူဖို့ အသင့်ဖြစ်နေတဲ့ မန်စီးတီး နှင့် အခြားနောက်ဆုံးရ ကစားသမားအပြောင်းအရွှေ့သတင်းတိုများ

မက်စီကို ခေါ်ယူဖို့ အသင့်ဖြစ်နေတဲ့ မန်စီးတီး

Source: Goal

အာဂျင်တီးနား တိုက်စစ်မူးဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ စဉ်းစားနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးကတော့ မက်စီကို ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ Mirror ကဖော်ပြထားပါတယ်။

အဆိုပါ အသက် (၃၂) နှစ်အရွယ် တိုက်စစ်မူးဟာ ဘာစီလိုနာအသင်းကဘေယန်မြူးနစ်အသင်းကို (၂-၈) နဲ့ရှုံးအရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အခုလို့ အသင်းကနေထွက်ခွာဖို့ စဉ်းစားလာခြင်းဖြစ်ပါတယ်။

ယခုလက်ရှိ မက်စီရဲ့ စာချုပ်လျှော်ကြေးဟာ ပေါင် (၆၃၅) သန်းခန့်ရှိနေပေမယ့် ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ဒီထက်နည်းတဲ့ ပမာဏဖြင့် ရောင်းချရဖွယ်ရှိနေပါတယ်။

အူဒီးနစ်အသင်းမှ ဖိုဖာနာကို ပြင်သစ်ကလပ် လန့်စ်အသင်းက ခေါ်ယူလိုက်ပြီ

Source: Goal

ပြင်သစ်ကလပ် လန့်စ်အသင်းက အူဒီးနစ် ကွင်းလယ်ကစားသမား ဖိုဖာနာကို ယူရိုး (၁၀) သန်းဖြင့် ခေါ်ယူရန် သဘောတူညီမူ ရရှိခဲ့ပြီဖြစ်ပါတယ်။

ဖိုဖာနာဟာ လာမယ့် တင်္နလာနေ့တွင် လန့်စ်အသင်းတွင် သွားရောက် ဆေးစစ်မူခံယူမှာဖြစ်ပြီး (၄) နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုသွားဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ကစားသမား ထရာအိုရေး အငှားဖြင့်ထွက်ခွာ

Source: New York Times Post

မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ကစားသမား ထရာအိုရေးဟာ ပြင်သစ် ဒုတိယတန်းကလပ် ကိန်းအသင်းသို့ လာမယ့်ရာသီတွင် အငှားဖြင့်သွားရောက်ကစားတော့မှာဖြစ်ပါတယ်။

အဆိုပါ အသက် (၁၉) နှစ်အရွယ်ကစားသမားဟာ လိဂ်တူး ကလပ် ကိန်းအသင်းတွင် ကျောနံပက် (၁၅) ဝတ်ဆင်ကစားမှာဖြစ်ပြီး ပထမအသင်းတွင် ကစားချိန်ပိုမိုရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ကိန်းအသင်းဟာ (၂၀၁၉) ခုနှစ်တွင် လိဂ်ဝမ်း မှတန်းဆင်းသွားခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတွင် လိဂ်တူးမှာ အဆင့် (၁၃) နေရာတွင် ရပ်တည်နိူင်ခဲ့ပါတယ်။

ရှမိုက်ကယ်နေရာမှာ အစားထိုးဖို့ စီစဉ်နေတဲ့ လက်စတာ

Source: New York Times Post

အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ ဂိုးသမား ရှမိုက်ကယ်နေရာမှာ အစားထိုးဖို့ လက်စတာအသင်းဟာ ဆီးဗီလာ အသင်းဂိုးသမား ရီကို ကိုမျက်စိကျနေတယ်လို့ Mirror ကဖော်ပြထားပါတယ်။

လက်စတာဂိုးသမား ရှမိုက်ကယ်ဟာ ချဲလ်ဆီး နဲ့ မန်ယူအသင်းတို့နှင့် ချိတ်ဆက်မူတွေ ပြုလုပ်နေတာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ဖြစ်နေပါတယ်။

လက်စတာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီကိုဟာ ပေါင် (၈) သန်းခန့် ဈေးကွက်တန်ဖိုးရှိနေပါတယ်။