ပရီးမီးယားလိဂ် ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျတ်ဖွယ်ရှိနေတဲ့ မန်ယူ နှင့် အခြားဘောလုံးလောကသတင်းတိုများ
မန်ယူအသင်းဟာ လာမဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ် ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျတ်ဖွယ်ရှိနေပါတယ်။
Source: Goal
မန်ယူဟာ ၂၀၁၆ ခုနှစ် ပေါ့ဘာကို ခေါ်ယူရာမှာ ပေါင် ၈၉ သန်းအသုံးပြုထားပြီး ပရီးမီးယားလိဂ် ပြောင်းရွှေ့ကြေးစံချိန်တင်ထားခဲ့တာပါ။ ယခုလည်း ဒေါ့မွန် တောင်ပံကစားသမား တစ်ယောက်ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့ ပေါ့ဘာကို ခေါ်ယူစဉ်အသုံးပြုခဲ့တဲ့ ငွေကြေးပမာဏထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးပမာဏကို အသုံးပြုဖယ်ရှိနေပါတယ်။
အသင်းနဲ့လမ်းခွဲဖွယ်ရှိနေတဲ့ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်
Source: Real Madrid Analysis
ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ El Clasico ပွဲအပြီးမှာ ဒီသတင်းထွက်ပေါ်လာတာပါ။
ရာမို့စ်ဟာ ၂၀၂၀ မက်လအကုန်မှာ အသက် ၃၄ နှစ်ပြည့်တော့မှာဖြစ်ပြီး အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာလည်း ၂၀၂၁ ဇွန်လ မှာကုန်ဆုံးတော့မှာပါ။ ရာမို့စ်ဟာ ရုပ်ပိုင်းဆိုင်ရာ အရ ကျန်းမာကြံ့ခိုင်မူရှိနေသေးပေမဲ့လည်း သက်ကြီးကစားသမားတွေကို အသင်းမှာထားလေ့မရှိတဲ့ အသင်းရဲ့ ပေါ်လစီကြောင့် ၂၀၁၉-၂၀၂၀ လာလီဂါဘောလုံးရာသီ ပြိုင်ပွဲအပြီးမှာ ရီးရဲအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတာပါ။
စမောလင်းကို ခေါ်ယူဖို့စိတ်ဝင်စားလာတဲ့ စပါး
Source: Football Ace
စပါးအသင်းဟာ မန်ယူနောက်ခံကစားသမား စမောလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Tuttosport ကဖော်ပြထားပါတယ်။
စမောလင်းဟာ ရိုးမားအသင်းမှာ အငှားနဲ့သွားရောက်ကစားနေပြီး အီတလီမြေမှာ ခြေစွမ်းပြကစားနေပါတယ်။ အဆိုပါ မန်ယူနောက်ခံကစားသမားဟာ စပါးအသင်းနည်းပြ မောရင်ဟိုနဲ့ ဆက်ဆံရေးကောင်းရှိသူလည်းဖြစ်ပါတယ်။
စတုတ်အသင်းရဲ့ ဆယ်ကျော်သက်ကစားသမားကို မျက်စိကျနေတဲ့ မန်ယူ
Source: The Sentinel
မန်ယူအသင်းဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့ စတုတ်စီးတီးအသင်းရဲ့ နောက်ခံကစားသမား Nathan Collins ကိုခေါ်ယူဖို့ မျက်စိကျနေတယ်လို သိရပါတယ်။
ရာကီတစ် ကိုခေါ်ယူဖို့ ပြင်ဆင်လာတဲ့ မန်စီးတီး
Source: Daily Express
လာမဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ရာကီတစ် ကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Don Balon ရဲ့ဖော်ပြချက်အရသိရပါတယ်။
အဆိုပါကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ လာမဲ့ ၂၀၂၁ မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။ မန်စီးတီးအသင်းဟာ ရာကီတစ် အတွက် ယူရို ၄၅ သန်းခန့် အသုံးပြုဖွယ်ရှိနေပါတယ်။