အူဘာမီယန်ကို ခေါ်ယူဖို့စိတ်အားထက်သန်နေတဲ့ PSG

Source: The Scottish Sun
Le10Sport ဖော်ပြချက်အရ PSG အသင်းဟာ အာဆင်နယ်တိုက်စစ်မူး အူဘာမီယန်ကို ခေါ်ယူဖို့စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါတိုက်စစ်မူးအတွက် PSG အသင်းဖက်က ကမ်းလှမ်းမူပြုလုပ်တာတွေ မရှိသေးပါဘူး။ အူဘာမီယန်နဲ့အာဆင်နယ်အသင်းကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ဘောလုံးရာသီတွင်ကုန်ဆုံးတော့မှာဖြစ်သလို စာချုပ်သက်တမ်းတိုးဖို့လည်း မရေရာမသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ဂန်းနားတွေဟာ အူဘာမီယန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်တဲ့အတွက် ရောင်းချသွားဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။
Umtiti ကို ယူရို သန်း (၃၀) နဲ့ရောင်းထုတ်ချင်နေတဲ့ ဘာကာ

Source: Web24 News
Sport ရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ Samuel Umtiti ကို ယူရို သန်း (၃၀) နဲ့ကမ်းလှမ်းလာတဲ့ အသင်းရှိရင် ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။အဆိုပါ ပြင်သစ်ကစားသမားဟာ အင်္ဂလန်ကလပ် မန်ယူအသင်းဆီ ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောဆိုထားတာရှိပါတယ်။
ဆာနေးအတွက် ကျော်နံပက် (၁၀) ကိုအသင့်ပြင်ထားတဲ့ ဘေယန်

Source: SportBible
ဘေယန်မြူးနစ်ဟာ မန်စီးတီး ကစားသမားဖြစ်သူ ဆာနေးအတွက် ကျော်နံပက် (၁၀) ကိုအသင့်ပြင်ထားတယ်လို့ Mirror ကဖော်ပြထားပါတယ်။ ဆာနေးဟာ လာမယ့်ရာသီမှာ ဘေယန်သို့ ရောက်ဖို့ သေချာသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။ယခုလက်ရှိမှာတော့ ကျော်နံပက် (၁၀) ကိုအငှားဖြင့် လာရောက်ကစားနေတဲ့ ကောတင်ဟိုက ဝတ်ဆင်ကစားနေပါတယ်။ ဒါပေမယ့် ဘေယန်ဟာ ကောတင်ဟိုကို အပြီးသက် စာချုပ်နဲ့ခေါ်ယူလိုခြင်းမရှိဘူးလို့တည်း သိရပါတယ်။
စပါးအသင်းသို့ ပြောင်းရွှေ့မှာမဟုတ်တဲ့ Campos

Source: Harry Hotspur
ပြင်သစ်ကလပ် Lille အသင်းရဲ့ အားကစားဒါရိုက်တာ တစ်ဦးဖြစ်သူ Luis Campos ဟာ စပါးအသင်းကိုပြောင်းရွှေ့မှာ မဟုတ်ကြောင်း ESPN ကဖော်ပြထားပါတယ်။Campos ဟာ အသင်းတစ်သင်းရဲ့လိုအပ်ချက်ကို ကောင်းစွာနားလည်သူဖြစ်ပြီ မိုနာကိုအသင်းကို (၂၀၁၇) ချန်ပီယံလိဂ် ဆီးမီဖိုင်နယ် အဆင့်ထိရောက်အောင် စွမ်းပေးထားနိူင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို သဘောကျတာကြောင့် စပါးအသင်းက ခေါ်ယူဖို့ကြိုးစားနေတာပါ။
ဒါပေမယ့် Campos ဟာစပါးအသင်းဆီ ပြောင်းရွှေ့မှာမဟုတ်သလို နယူးကာဆယ်အသင်းရဲ့ မက်လောက်စရာ ကမ်းလှမ်းမူကိုလည်း ပယ်ချထားတယ်လို့ သိရပါတယ်။
