James Rodriguez ရဲ့တန်ကြေးကို ထက်ဝက်ခန့်လျှော့ချပြီး ရောင်းထုတ်မယ့် ရီးရဲမက်ဒရစ်

Source: Goal.com

ရီးရဲမက်ဒရစ်အသင်းဟာ James ကို ပေါင် (၂၂) ခန့်ရရင်ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ Marca ကဖော်ပြထားပါတယ်။ James ဟာရီးရဲနဲ့စာချုပ်သက်တမ်းတစ်နှစ်တာကျန်ရှိတော့ပြီး အသင်းကနေလည်း ထွက်ခွာချင်နေသူဖြစ်ပါတယ်။

အဆိုပါ ကိုလံဘီယာ ကစားသမားကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တတ်နဲ့အာဆင်နယ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အိုစီမန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နာပိုလီ

Source: Teamtalk

နာပိုလီအသင်းဟာ ပြင်သစ်ကလပ် လိုင်လီမှ အိုစီမန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုသွားပါတယ်။ တိုက်စစ်မူးတစ်ဦးဖြစ်တဲ့ အိုစီမန်ဟာ အသက် (၂၁) နှစ်သာရှိသေးပြီး အသင်းအတွက် (၂၇) ပွဲပါဝင်ကစားပေးထားကာ (၁၃) ဂိုးသွင်းယူပေးထားနိူင်သည့်အထိ ခြေစွမ်းပြသထားနိူင်ခဲ့ပါတယ်။

ဘယ်လာရင် ကိုစောင့်ကြည့်နေတဲ့ PSG

Source: PSG talk

အာဆင်နယ် ညာနောက်ခံလူ ဘယ်လာရင် ကိုပြင်သစ်ထိပ်သီးကလပ် PSG ကခေါ်ယူဖို့ စောင့်ကြည့်မူတွေပြုလုပ်နေတယ်လို့ Express ကဖော်ပြထားပါတယ်။

ဘယ်လာရင်ကို PSG အပြင် ဘေယန်မြူးနစ်နဲ့ ဂျူဗီတပ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘယ်လာရင် ဟာ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး (၂၀၁၁) တွင်အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့သူပါ။

အသင်းအတွက်တန်ဖိုးရှိတဲ့ ကစားသမားတွေကို ထွက်ခွာခွင့်ပေးမှာမဟုတ်တဲ့ အဲဗာတန်

Source: CBS-Sports

အဲဗာတန်နည်းပြဖြစ်သူ အန်ဆဲလော့တီဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို ထွက်ခွာခွင့်ပြုမှာမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အဲဗာတန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လူးကပ်စ် ဒင်းန်၊ မေဆန် စိုးဂိတ် နဲ့ ရီချာလီဆန် တို့ဟာ အသင်းကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေတာပါ။ ဒါပေမယ့် အန်ဆဲလော့တီကတော့ ကြယ်ပွင့်ကစားသမားတွေအနေနဲ့ အသင်းကို စွန့်ခွာမှာမဟုတ်ကြောင်း အတိအလင်း ပြောကြားသွားခဲ့ပါတယ်။