ဆန်ချိုကို ခေါ်ယူဖို့သဘောတူညီမူရရှိသွားပြီဖြစ်တဲ့ မန်ယူနှင့် အခြားဘောလုံးလောက သတင်းတိုများ

မန်ယူကိုပြောင်းရွှေ့ဖို့ သဘောတူညီမူရရှိသွားပြီဖြစ်တဲ့ ဆန်ချို

Source: iNternewscast

သရဲနီတွေဟာ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဆန်ချိုကို ခေါ်ယူနိူင်ဖို့သေချာသွားပြီဖြစ်ပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ အဆိုပါအသက် (၂၀) အရွယ်ကစားသမားနှင့်မန်ယူတို့အကြားမှာ လစာ၊အပိုဆုကြေး အပါအဝင် စာချုပ်သက်တမ်း တွေအတွက် သဘောတူညီမူ ရရှိခဲ့ပြီလို ဖော်ပြထားပါတယ်။

ဒါပေမယ့် မန်ယူအနေနဲ့ ကစားသမားရဲ့ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးသွားရအုံးမှာပါ။

နေမာကို စာချုပ်အသစ်ကမ်းလှမ်းဖို့ အသင့်ဖြစ်နေတဲ့ PSG

Source: Daily Mail

PSG ဟာ အသင်းရဲ့တိုက်စစ်မူးတဦးဖြစ်သူ နေမာကို တနှစ်လုပ်ခလစာ ယူရို (၃၈) သန်းပေးချေကာ စာချုပ်သစ်တစ်ရပ်ချုပ်ဆို တော့မှာဖြစ်ကြောင်း Sport ကဖော်ပြထားပါတယ်။

စာချုပ်အသစ်ဟာ နေမာကို PSG အသင်းမှာ (၂၀၂၅) ခုနှစ်အထိ ဆက်ရှိစေမှာဖြစ်ပြီး စာချုပ်ထဲမှာ အပိုဆုကြေးတွေလည်း ထပ်မံထည့်သွင်းချုပ်ဆိုဖွယ်ရှိနေပါတယ်။

နေမာဟာ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာ ကိုပြန်သွားဖို့ ချိတ်ဆက်မူတွေ ပြုလုပ်နေသူလည်းဖြစ်ပါတယ်။

Bale နှင့် Rodriguez ကိုရောင်းချဖို့ ပြင်ဆင်နေတဲ့ ရီးရဲ

Source: Bavarian Football Works

AS ရဲ့ဖော်ပြချက်အရ Bale နှင့် Rodriguez ဟာ လာမယ့်နွေရာသီ တွင်ရောင်းချမယ့် ကစားသမားစားရင်းတွင် ပါဝင်နေတယ်လို့ သိရပါတယ်။

ဇီဒန်းဟာ Lucas Vazquez, Mariano Diaz, Alvaro Odriozola နှင့် Nacho Fernandez တို့ကိုပါ ဈေးကွက်တင်ဖို့ စီစဉ်နေပါတယ်။ ဒီကစားသမား (၆) ယောက်ကိုသာ ရောင်းထုတ်နိူင်ခဲ့မယ်ဆိုရင် ရီးရဲလ်အနေနဲ့ ကစားသမားတွေကိုပေးချေနေရတဲ့ လစာ ယူရို (၇၅) သန်းခန့် သက်သာသွားဖွယ်ရှိနေပါတယ်။

နောက်ခံလူ Ben White ကိုအပြီးသက်စာချုပ်ချုပ်ဆိုနိူင်ဖို့ မျှော်လင့်နေတဲ့ လိဒ်

Source: Football League World

လိဒ်ယူနိုက်တတ်ဟာ ဘရိုက်တန်ကနေ အငှားခေါ်ယူထားတဲ့ နောက်ခံလူ Ben White ကိုအပြီးသက်စာချုပ်ချုပ်ဆိုနိူင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

White ဟာချန်ပီယံရှစ် မှာခြေစွမ်းကောင်းတွေပြသနေတဲ့သူလည်းဖြစ်ပါတယ်။ လိဒ်ယူနိုက်တတ်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် White ကိုကစားသမားတန်ကြေးထက် လျှော့နည်းတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိူင်ဖွယ်ရိနေပါတယ်။