ကျွန်တော်တို့ နေ့စဉ်ပြုလုပ်တဲ့ အမူအကျင့်များသည် ကျွန်တော်တို့ရဲ့ဘဝအပေါ် အကျိုးသက်ရောက်မှု များစွာ ဖြစ်ပေါ်စေပါတယ်။ လူတစ်ယောက် အောင်မြင်ရခြင်းသည်လည်း သူ့ရဲ့အမူအကျင့်တွေပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။

မကြာခဏ အချိန်ဆွဲလေ့ရှိသူတစ်ယောက်သည် ဘယ်လိုမှ အောင်မြင်မှုနဲ့ နီးစပ်နိုင်မှာမဟုတ်သလို သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်များလည်း ဘယ်တော့မှ ပြည့်ဝနိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင် မိမိရဲ့ဘဝ အောင်မြင်တိုးတက်ဖို့အတွက် ဘယ်လိုအမူအကျင့်များကို ပြုပြင်ပြောင်းလဲရမလဲ။

သူတစ်ပါးအပေါ် မှီခိုလွန်းခြင်း

tips for men to get rid of bad habits

ကိုယ့်အား ကိုယ်ကိုးခြင်းကသာ အကောင်းဆုံးလုပ်ရပ်တစ်ခုဖြစ်ပါတယ်။ သူတစ်ပါးအပေါ် မှီခိုလွန်းတဲ့အခါ ကိုယ့်ရဲ့အရည်အချင်းများ အလဟဿဖြစ်သွားမှာဖြစ်ပြီး သင့်ကို ကူညီပေးတဲ့လူကရော အမှန်တကယ် ကူညီချင်တာလားဆိုတာကိုလည်း သင် မသိနိုင်ပါဘူး။ ကြာလာရင် အများအမြင်မှာ ကဲ့ရဲ့စရာဖြစ်လာပြီး သင့်ကိုယ်သင်လည်း ယုံကြည်မှု ပျောက်ဆုံးလာပါလိမ့်မယ်။

ကိုယ် ပြောင်းလဲလိုက်တဲ့ အလေ့အကျင့်က ကိုယ့်အတွက် အကျိုးရှိရဲ့လား ဆုံးဖြတ်ပါ

tips for men to get rid of bad habits

ဥပမာ သင်က တစ်ပတ်လျှင် စာအုပ်တစ်အုပ် ပြီးအောင် ဖတ်မယ်ဆိုပါစို့။ ဘယ်လိုရည်ရွယ်ချက်ကြောင့် တစ်ပတ်လျှင် စာအုပ်တစ်အုပ်နှုန်း ဖတ်ချင်ရတာလဲ။

သင်က လူအများကို ထရိန်နင်တွေ ပို့ချပေးရတဲ့ ထရိန်နာတစ်ယောက်လား။ ဒါမှမဟုတ် စာသင်ကြားပြသရတဲ့ ဆရာတစ်ယောက်လား။ ဒါဆိုရင်တော့ သင်သည် ဗဟုသုတကြွယ်ဝဖို့အတွက်သော်လည်းကောင်း၊ သင့်ရဲ့ကျွမ်းကျင်မှုကို အဆင့်မြင်တင်ဖို့ရန်သော်လည်းကောင်း သက်ဆိုင်ရာ စာအုပ်များကို ဖတ်ဖို့လိုအပ်ပါတယ်။

ဒါဆိုရင်တော့ အရင်က တစ်ခါမှ စာမဖတ်ဖြစ်တဲ့အလေ့အကျင့်ကနေ တစ်ပတ်လျှင် တစ်အုပ်နှုန်း တိုးသွားပါ တဖြည်းဖြည်းနဲ့ တစ်ပတ်လျှင် နှစ်အုပ်နှုန်း တိုးသွားပါ။ ဒါဆိုရင်တော့ သင့်အတွက် အလေ့အကျင့်ကောင်းများ တိုးတက်လာပါလိမ့်မယ်။

လူအများနဲ့ သင်က မတူဘူးဆိုတာကို သတိရပါ

tips for men to get rid of bad habits

ဘဝမှာ တိုးတက်အောင်မြင်ဖို့အတွက် အိပ်ရာစောစော ထဖို့လိုအပ်တယ်လို့ တခြားလူတွေက ပြောကြကောင်း ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ သင်သည် အိပ်ရာအစောကြီးထတဲ့အခါ တနေကုန် လေးလံထိုင်းမှိုင်းပြီး စိတ်မကြည်မလင်ဖြစ်နေမယ်ဆိုရင်တော့ ဒီအလေ့အကျင့်သည် အခြားသူတွေအတွက်သာ အသုံးတည့်မှာဖြစ်ပြီး သင့်အတွက်တော့ အကျိုးဖြစ်ထွန်းစေမယ့် အလေ့အကျင့်တစ်ခုမဟုတ်တဲ့အတွက်ကြောင့် ပြောင်းလဲစရာမလိုပါဘူး။

သို့သော် အိပ်စက်ချိန်စက်ဝန်း မမှန်ကန်ဘဲ မိုးလင်းခါနီးမှ အိပ်ပျော်ပြီး အချိန်တော်တော်နောက်ကျမှ အိပ်ရာထမယ်ဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သလို ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတစ်ခုမဟုတ်တာကိုတော့ သတိထားရပါမယ်။

Source: Dariusforoux.com

Featured Image Source: Entrepreneur.com