ခရီးသွားနေတဲ့အချိန်မှာ လှပတဲ့မြင်ကွင်းလေးကို ကိုယ့်အမြင်အာရုံကို ရုတ်ချည်းဆွဲဆောင်တတ်သလို လှပပြီး ဒီဇိုင်းအလန်းစားနဲ့ မိမိုက်နေတဲ့ တက်တူးများသည်လည်း တက်တူးချစ်သူများကို ညှို့ယူဖမ်းစားနိုင်ပါတယ်။ အချို့တက်တူးများဆိုလျှင် အသက်ဝင်လွန်းလှတဲ့အတွက်ကြောင့် တကယ့်အစစ်လားတောင် အောက်မေ့ရပါတယ်။

သင်သည် တက်တူးထိုးရတာကို နှစ်သက်တယ် ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးများကို မိမိခန္ဓာကိုယ်ပေါ်မှာ ရေးထိုးချင်စိတ်တွေ ဖြစ်ပေါ်လာမှာအမှန်ပါပဲ။

ခရီးသွားရတာကို နှစ်သက်တဲ့ တက်တူးချစ်သူတွေက ဘယ်လိုတက်တူးမျိုးတွေ ရေးထိုးလေ့ရှိကြသလဲဆိုတော့ …

မြေပုံပေါ်က သံလိုက်အိမ်မြှောင်ပုံတက်တူး

Travel Inspired Tattoos for men

မြေပုံရော သံလိုက်အိမ်မြှောင် နှစ်ခုစလုံးသည် လမ်းမှန်ရောက်အောင် ညွှန်ပြပေးတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး စွန့်စားခရီးသွားတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းများပဲဖြစ်ပါတယ်။ သင်သည် ဒီတက်တူးကို ရေးထိုးထားခြင်းအားဖြင့် သင့်ရဲ့စိတ်ခံစားချက်ကို ဖော်ပြနိုင်ပါတယ်။

အရိုးခေါင်းနှင့် သံလိုက်အိမ်မြှောင်ပုံတက်တူး

Travel Inspired Tattoos for men

ကမ္ဘာလုံးရယ်၊ အရိုးခေါင်းရယ်၊ သံလိုက်အိမ်မြှောင် သုံးခုကို ပေါင်းစပ်ထားတဲ့တကတူးဖြစ်ပြီး အနီနှင့် အပြာနှစ်ရောင်ကို အဓိကထား ရေးထိုးထားတာဖြစ်ပါတယ်။ ဒီတက်တူးအဓိပ္ပာယ်ကတော့ လူတစ်ယောက်ခြင်းစီရဲ့ အမြင်ပေါ်လိုက်ပြီး ကွာခြားသွားနိုင်ပါတယ်။

တိုက်ကြီးများနဲ့ သံလိုက်အိမ်မြှောင်ပုံတက်တူး

Travel Inspired Tattoos for men

သင်သည် လက်မောင်းကနေ လက်ကောက်ဝတ်အထိ တက်တူးအပြည့်ရေးထိုးချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ကမ္ဘာ့ တိုက်ကြီးတွေ ပြန့်ကျဲနေတဲ့တက်တူးကို သံလိုက်အိမ်မြှောင်နဲ့ ပေါင်းစပ်ရေးထိုးနိုင်ပါတယ်။

ကမ္ဘာလုံးပုံတက်တူး

Travel Inspired Tattoos for men

ဒီတက်တူးထဲမှာောတ့ ကမ္ဘာလုံး၊ ပန်းပွင့်နှင့် ခရီးဆောင်အိတ်တို့ကို ပေါင်းစပ်ရေးထိုးထားတာဖြစ်ပါတယ်။ ကမ္ဘာလုံးကိုလည်း “Adventure Is Out There” ဆိုတဲ့ စာသားလေး ရေးထိုးထားတာဖြစ်ပြီး စွန့်စားခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ တက်တူးချစ်သူများ ရေးထိုးထားလေ့ရှိတဲ့တက်တူးတစ်ခုပဲဖြစ်ပါတယ်။

ရိုးရှင်းတဲ့ တက်တူး

Travel Inspired Tattoos for men

လေယာဉ်စီးပြီး ကမ္ဘာအနှံ့ ခရီးသွားချင်သူတစ်ယောက်ရဲ့ ရိုးရှင်းလှပတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

တောင်တန်းဒေသရဲ့ ညအလှ

Travel Inspired Tattoos for men

ဒီတက်တူးလေးမှာတော့ တောင်တန်းဒေသရဲ့ အလှအပကို ရေးထိုးထားပြီး ကိုယ်ပိုင်လေယာဉ်ပျံပေါ်မှာ နာမည်အတိုကောက်စာလုံးလေးလည်း ရေးထိုးနိုင်ပါတယ်။

ဒီဇိုင်းဆန်းတဲ့ ရောင်စုံတက်တူး

Travel Inspired Tattoos for men

အရာဝတ္ထုပစ္စည်းအများအပြားကို တစ်နေရာတည်းမှာ စုစည်းထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ခရီးသွားခြင်းသည် စိတ်ဖိစီးမှုများကို ဖြေဖျောက်ပေးနိုင်တဲ့ တစ်ခုတည်းသော သော့ချက်ဖြစ်တယ်ဆိုတာကို ပုံဖော်ထားတာဖြစ်ပါတယ်။

ကမ္ဘာလုံးနဲ့ လေယာဉ်ပျံပုံတက်တူး

Travel Inspired Tattoos for men

ကမ္ဘာလုံးနဲ့ လေယာဉ်ပျံပုံကိုပဲ နောက်ထပ်တက်တူးဒီဇိုင်းနဲ့ ရေးထိုးထားတာဖြစ်ပါတယ်။ ဒီဗားရှင်းကတော့ အရောင်အသွေးပိုမိုစုံလင်တာကို တွေ့မြင်ရမှာပါ။

တောင်တက်လမ်းတစ်နေရာ

Travel Inspired Tattoos for men

ဒီတက်တူးကတော့ တစ်ကိုယ်ရည်ခရီးသွားသူတစ်ယောက်ရဲ့ သဘာဝအလှကို ခံစားနေတာလို့ အချို့ကအဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အချို့ကလည်း တစ်ယောက်တည်းခရီးသွားနေရတာဖြစ်တဲ့အတွက်ကြောင့် အထီးကျန်နေတာဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားကြပါတယ်။ အနုပညာဆိုတာက ကန့်သတ်ထားတာမဟုတ်တဲ့အတွက်ကြောင့် သင့်စိတ်ကြိုက် ဘာသာပြန်နိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ တက်တူးဒီဇိုင်းလေးတွေက သင့်ရဲ့ တက်တူဒီဇိုင်းအသစ်အတွက် အိုင်ဒီယာကောင်းတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Nextluxury.com

Featured Image Source: Pinaynomad.com