သူငယ်ချင်းတွေနဲ့ ဘယ်နေ့မှာ ဘယ်ကိုခရီးထွက်မယ်ဆိုတာကို စီစဉ်ပြီးသကာလ ခရီးထွက်ဖို့ မပြင်ဆင်ခင်မှာ အခုဖော်ပြပေးမယ့်အချက်တွေကို လိုက်နာသင့်ပါတယ်။
အဝတ်အစား

ကိုယ်သွားမယ့်နေရာက အေးတဲ့နေရာဒေသလား။ ပူပြင်းခြောက်သွေ့တဲ့ဒေသလားဆိုတာကို အရင်ဦးဆုံး ခွဲခြားလိုက်ပါ။ ပြီးရင်တော့ ထိုနေရာနဲ့လိုက်ဖက်မယ့် အဝတ်အစားများကို သေချာရွေးချယ်သင့်ပါတယ်။ ဖိနပ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးစီးဖို့တစ်ရံနဲ့ ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်တစ်ရံကို သေချာထုပ်ပိုးသွားသင့်ပါတယ်။
ငွေကြေး

ပိုက်ဆံ လိုအပ်သလောက် ထုတ်သွားဖို့ လိုပါလိမ့်မယ်။ သင် သွားမယ့်နေရာက ATM စက်တွေ မရှိတဲ့အခါ အလွယ်တကူ ပိုက်ဆံထုတ်လို့မရမယ့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အွန်လိုင်းက ပေးချေလို့ရမယ့်အရာတွေကိုတော့ အွန်လိုင်းကပဲ ပေးချေလိုက်ပါ။
နည်းလမ်းမျိုးစုံဖြင့် ခရီးသွားပါ

ယနေ့ခေတ်မှာ လေယာဉ်ပျံနဲ့ပဲ ခရီးသွားသွား ရထားနဲ့ပဲသွားသွား နည်းလမ်းမျိုးစုံဖြင့် သွားလာနိုင်ပြီပဲဖြစ်ပါတယ်။ ဒီလိုနည်းလမ်းမျိုးစုံဖြင့် ခရီးသွားခြင်းဖြင့် ခံစားချက်မျိုးစုံကို ရရှိနိုင်ပါတယ်။ နေ့ဘက်မှာ ခရီးသွားမယ်ဆိုရင်တော့ လှပတဲ့ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်ပါတယ်။
လက်တွေ့ကျပါစေ

ခရီးသွားတဲ့အခါ အချိန်တိုင်း၊ မိနစ်တိုင်းမှာ ပျော်ရွှင်ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ စက္ကန့်တိုင်း ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ မိမိကြိုတင်စီစဉ်ထားသလို ဖြစ်မလာခဲ့ဘူးဆိုရင်လည်း စိတ်ပျက်မသွားဘဲ အခြေအနေပေါ်မူတည်ပြီး အလိုက်အထိုက်ပြုမူတတ်ဖို့လိုအပ်ပါတယ်။
ပေါ့ပေါ့ပါးပါးပဲ ထုပ်ပိုးသွားပါ

ခရီးသွားတဲ့အခါ ခရီးဆောင်အိတ်ကို ပေါ့ပေါ့ပါးပါးပဲ သယ်ဆောင်သွားရပါမယ်။ အဝတ်အစား ၃ စုံ (သို့) ၄ စုံထက် ပိုထည့်မသွားပါနဲ့။ ဖိနပ်ဆိုရင်လည်း ၂ ရံထက်ပိုပြီး ထည့်မသွားပါနဲ့။ နေလောင်ကာခရင်မ်များ၊ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသစ်ဆေးတို့ကိုလည်း မမေ့မလျော့ ထည့်သွားသင့်ပါတယ်။
Source: Traveldudes.com
