ခြေဆီအနံ့ နံခြင်းဟာ တကယ်ကိုစိတ်ပျက်စရာ အခြေအနေတစ်ခုပါ။ ကိုယ်ရဲ့ခြေထောက်က ဆိုးရွားတဲ့အနံ့တွေ ထွက်နေပြီဆိုရင် လူကြားထဲသွားလာရတဲ့အခါ ယုံကြည်မှုလုံးဝရှိတော့မှာမဟုတ်ဘဲ ကိုယ့်နဲ့ အနီးပတ်ဝန်းကျင်ကလူတွေကိုလည်း အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အော်ကလီဆန်စရာကောင်းတဲ့ ခြေဆီနံ့ ခပ်ဆိုးဆိုးတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) ခြေအိတ်အလဲအလှယ်လုပ်ဝတ်ပါ

Source : AliExpress

ခြေအိတ်တစ်ခုတည်း အသုံးပြုခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ အနံ့အသက်ဆိုးတွေကို ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ခြေထောက်ကထွက်တဲ့ချွေးတွေဟာ ဒီခြေအိတ်ထဲမှာပဲအောင်းနေပြီး ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာတာကြောင့် တကယ့်ကိုဆိုးရွားတဲ့ အနံ့အသက်တွေ ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် ခြေအိတ်ကိုတစ်ခုတည်း အသုံးမပြုဘဲ အလဲအလှယ်လုပ်၍ ဝတ်ဆင်ပေးပါ။

(၂) အပြင်ကပြန်ရောက်တိုင်း ခြေထောက်ဆေးပါ

Source : picswe.com

အပြင်သွားတဲ့အခါ ကိုယ်ရဲ့ခြေထောက်နဲ့ ဖိနပ်တွေမှာ ဖုန်နဲ့ အညစ်အကြေးတွေအများကြီးကပ်ပါလာတတ်ပါတယ်။ ထိုအခါ ခြေထောက်ကထွက်တဲ့ ချွေးတွေနဲ့ ပေါင်းပြီး ခြေဆီနံ့ ဆိုးဆိုးတွေ ထွက်ပေါ်လာစေပါတယ်။ ဒါကြောင့် အပြင်ကပြန်ရောက်တိုင်း ခြေထောက်ကို သေချာစွာသန့်စင်ဆေးကြောပေးပါ။

(၃) မုန့်ဖုတ်ဆော်ဒါအသုံးပြုပါ

Source : worthview.com

အဓိကအားဖြင့် ရှုးဖိနပ်တွေဟာ တခြားသော ဖိနပ်တွေထက် အနံ့အသက်ဆိုးတွေ ပိုထွက်စေတာဖြစ်ပါတယ်။ ဒါကြောင့်သင့်ရဲ့ ရှုးဖိနပ်တွေကို သေချာစွာသန့်စင်ဆေးကြောပေးဖို့လိုပါမယ်။ မုန့်ဖုတ်ဆော်ဒါမှုန်အနည်းငယ်ကို ရေနဲ့ ဖျော်ပြီးသင့်ရဲ့ ဖိနပ်တွေကို ဆေးကြောသန့်စင်ပေးမယ်ဆိုရင် အနံ့ အသက်ဆိုး ထွက်ခြင်းမှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

(၄) အမျိုးသမီးလစဉ်သုံးပစ္စည်း အသုံးပြုပါ

Source : T3.com

ဒီနည်းလမ်းဟာ အနည်းငယ်ကြောင်တောင်တောင် နိုင်တယ် ထင်ရပေမယ့် ထိရောက်မှုအပြည့်ရှိတဲ့ နည်းလမ်းတစ်ခုပါ။ အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်တွေဟာ စုပ်ယူမှုအားကောင်းတာကြောင့်သင့်ရဲ့ ခြေထောက်ကထွက်တဲ့ ချွေးတွေကိုအကောင်းဆုံးစုပ်ယူပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်ကို သင့်ရဲ့ ရှုးဖိနပ်ထဲထည့်ပြီး စီးပေးပါ။ သိသိသာသာအနံ့ဆိုးထွက်တဲ့ ပြဿနာတွေကတော့ ကင်းဝေးစေမှာဖြစ်ပါတယ်။

(၅) ပေါင်ဒါမှုန့်အသုံးပြုပါ

Source : FitHog

ပေါင်ဒါဟာ ခြေထောက်တွေမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးတဲ့ အပြင် ချွေးထွက်ခြင်းကိုလည်း လျော့ကျစေပြီး အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ခြေထောက်ကိုစင်ကြယ်စွာ ဆေးပြီးတဲ့အချိန်တိုင်း ပေါင်ဒါမှုန့် အနည်းငယ်လိမ်းပေးရမှာဖြစ်ပါတယ်။ ပေါင်ဒါမှုန့်ကို ခြေထောက်မှာလည်း လိမ်းနိုင်သလို ဖိနပ်တွေထဲကိုလည်း လိမ်းပေးလို့ရပါတယ်။