ကိုယ်အလေးချိန် လျော့ချချင်သူများအဖို့ အစားအစာ လျော့စားရခြင်းသည် အင်မတန်မှ ခက်ခဲသောအရာတစ်ခုဖြစ်ပါတယ်။ သင့်စိတ်ကို အနိုင်ယူနိုင်မှသာ အစားလျော့စားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့အသုံးဝင်တဲ့ နည်းလမ်းကောင်းလေးတွေကို သိထားမယ်ဆိုရင်တော့ အစားအလွန်အကျွံ မစားမိအောင် ရှောင်ကြဉ်နိုင်ပါတယ်။

ဒါ့ကြောင့် အစားလျော့စားချင်ပြီး ဝိတ်ချချင်တဲ့ ယောကျာ်းများအတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

အစပ်များများစားပါ

spicy food for men

Photo Source: Verywellhealth.com

အစပ်စားခြင်းသည် ဆာလောင်မွတ်သိပ်မှုကို ထိန်းချုပ်ထားနိုင်ပြီး ဝိတ်ကျစေပါတယ်။ ဒါ့အပြင် ငရုတ်သီးအနီတောင့် စားသုံးခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်တယ်လို့ သုတေသနပညာရှင်တစ်ဦးက ပြောကြားထားပါတယ်။

မသန်သောလက်ဖြင့် အစားစားပါ

man eating with non-dominant hand

သင်က ညာသန်ဆိုရင် ဘယ်လက်ဖြင့် အစားစားပါ။ ဘယ်သန်ဆိုရင် ညာလက်ဖြင့် ထမင်းစားပါ။ စစချင်းမှာတော့ အနည်းငယ် ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မသန်သောလက်ဖြင့် အစား စားခြင်းသည် အစားမြန်မြန် မစားမိအောင် ကူညီပေးပြီး ဆာလောင်မှုကိုလည်း တားဆီးပေးကာ ဗိုက်ပြည့်စေပါတယ်။

ပန်းကန်သေးသေးလေးဖြင့် အစားစားပါ

big plate vs small plate

တူညီတဲ့အစာပမာဏကို ပန်းကန်အသေးနှင့် ပန်းကန်အကြီးထဲ ထည့်ကြည့်လိုက်ပါ။ ပန်းကန်အကြီးထဲ ထည့်ထားလိုက်ပါက သင် စားတဲ့အစာသည် နည်းနည်းလေးပဲ စားလိုက်ရတယ်လို့ ထင်မှတ်စေပြီး ပန်းကန်အသေးဖြင့် ထည့်စားပါက အစား အများကြီး စားမိတယ်လို့ အောက်မေ့စေပါတယ်။ ဒါ့ကြောင့် နောက်တစ်ခါ ထမင်းစားတော့မယ်ဆိုရင် ထမင်းပန်းကန်သေးသေးလေးဖြင့် အစာပမာဏ နည်းနည်းချင်းစီသာ စားသုံးပေးပါ။

အစား မစားခင် ရေတစ်ခွက်သောက်ပါ

a glass of water

ရေငတ်ပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ခြင်းသည်လည်း ဗိုက်ဆာတဲ့ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ထမင်း စားဖို့ မပြင်ခင်မှာ ရေတစ်ခွက် အဝသောက်ကြည့်လိုက်ပါ။ မိနစ်အနည်းငယ်ကြာလို့ ဗိုက်ဆာနေသေးတယ်ဆိုမှ ထမင်းပွဲပြင်ကာ ထမင်းစားလိုက်ပါ။

ဟင်းသီးဟင်းရွက်များများစားပါ

man eating healthy salad

မြန်မာလူမျိုးများရဲ့ အဓိကအစားအစာကတော့ ထမင်းပဲဖြစ်ပါတယ်။ ထမင်းများများစားပြီး အသားဟင်းလေး တစ်ဖတ်၊ နှစ်ဖတ်လောက်ဖြင့် ဗိုက်ဝအောင် စားကြရပါတယ်။ တကယ်တော့ ထိုစားသုံးမှုနည်းစနစ်သည် ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးမှုမဟုတ်ပါဘူး။

ကျန်းမာရေးနဲ့ ညီညွှတ်ချင်ပြီး ဝိတ်ကျချင်တယ်ဆိုရင်တော့ ထမင်း၊ အသားဟင်းနှင့် အရွက်ဟင်းတို့ကို အချိုးစားအညီအမျှ ထည့်ကာ စားသုံးသင့်ပါတယ်။ အသားဟင်းအများကြီး မစားချင်ဘူးဆိုရင်တော့ ဟင်းသီးဟင်းရွက်သာ များများစားသုံးပေးလိုက်ပါ။ တစ်လကြာတဲ့အခါ သိသိသာသာ ဝိတ်ကျသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

Source: Brightside.me