လူတစ်ယောက်ဟာ လိမ်ပြောနေတယ်ဆိုရင်တောင် သူ့ရဲ့ခန္ဓာကိုယ် ကအမှန်ကိုပြောလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူလိမ်တွေတော်တော်များများ body language ကိုလျစ်လျူ့ရှုထား လို့ပဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေဟာ ဒီအချက်ကြောင့်ပဲ လိမ်နေတာကို ဖော်ထုတ်နိူင်တယ်လို့ ပြောထားကြပါတယ်။
ဒီနေ့ kwee page က လူတစ်ယောက်က လိမ်ပြောနေပြီဆိုတာကို သိနိူင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။
စကားပြောနေရင်း ရုတ်တရက် ရပ်သွားတာ
Source: VirtualSpeech
လိမ်နေတာကို သိသာစေနိူင်တဲ့ အထင်ရှားဆုံး အချက်ကတော့ စကားပြောနေရင်း ရုတ်တရက် ရပ်တန့် သွားတာပါပဲ။ ဒါကြောင့် ဂရုတစိုက်ကြည့်ကြည့်လိုက်ပါ။ တကယ်လို့ သူကစကားပြောနေရင်း အကြာကြီးရပ်သွားတာ (သို့) မကြာခဏ ရပ်သွားတာမျိုးတွေ လုပ်နေရင် လိမ်ညာနေတာ ဖြစ်နိူင်ပါတယ်။ “အင်း၊ အာ၊ အွန်” စသဖြင့် မကြာခဏ သုံးတာကိုလည်း တွေ့ရတတ်ပါတယ်။
စိတ်ခံစားမူကို သေချာကြည့်ပါ
Source: Times Higher Education
ယေဘုယျ အားဖြင့် စိတ်ခံစားမူကြောင့် ပေါ်လာတဲ့ မျက်နှာအမူအရာတွေဟာ (၅) စက္ကန့်သာ အများဆုံးကြာတတ်ကြပါတယ်။ တကယ်လို့ (၅) စက္ကန့် ထက်ကျော်သွားရင်တော့ ဟန်ဆောင်နေတာ ဖြစ်နိူင်ပါတယ်။ ဒါကြောင့် မျက်နှာအမူအရာကို သေချာစောင့်ကြည့်ပါ။
အမူအရာ
Source: Bright Side
စိတ်ခံစားမူတွေက အရင်ဖြစ်ပေါ်ပြီးမှ စကားလုံးတွေက စိတ်ခံစားမူတွေနောက်ကို လိုက်ပြီး ထွက်ပေါ်လာတာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ တကယ်လို့ လူတစ်ယောက်က “ငါစိတ်တိုနေတယ်” လို့ပြောပြီးမှာ စိတ်တိုနေတဲ့အမူအရာကို မျက်နှာပေါ်မှာ မြင်ရရင် ဟန်ဆောင်နေတာ ဖြစ်နိူင်ပါတယ်။
ရိုးသားတဲ့ စိတ်ခံစားမူ
Source: Bright Side1
တကယ်ရိုးသားတဲ့ စိတ်ခံစားမူဟာ နှစ်ခါပြန်ပေါ်လာဖို့ ခဲယဉ်းပါတယ်။ တကယ်ရင်ထဲကနေ ထွက်ပေါ်လာတဲ့ ခံစားမူတွေက မျက်နှာပေါ်မှာ အထင်းသားမြင်တွေ့နိူင်ပါတယ်။ ဥပမာ လူတစ်ယောက်က ပြုံးလိုက်ပြီဆိုရင် နုတ်ခမ်းလေးပဲ လှုပ်သွားတာမဟုတ်ပါဘူး။ မျက်လုံးနဲ့မျက်ခုံး အောက်က အရေးအကြောင်းတွေဟာ အလိုလိုအောက်ကိုစိုက်ကျသွားတတ်ပါတယ်။ တခြားစိတ်ခံစားမူတွေလည်း ဒီလိုပါပဲ။
မေးခွန်းတွေကို ပြန်ကောက်ပြီး ဖြေခြင်း
Source: Bright side
စကားလုံးရွေးချယ်သုံစွဲမူဟာလည်း သိသာပါတယ်။ တကယ်လို့ လူတစ်ယောက်က သူ့ကိုမေးလိုက်တဲ့ မေးခွန်းတွေကို ပြန်ကောက်ပြီး ဖြေနေတယ်ဆိုရင် ဒါဟာ သူ့စကားတွေထဲမှာ အမှားတွေပါမသွားအောင် ဂရုစိုက်ပြောဆိုနေခြင်းဖြစ်ပါတယ်။ မေးလိုက်တဲ့မေးခွန်းတွေကို မဖြေခင် မေးခွန်းကို ပြန်ပြောနေပြီဆိုရင်တော့ လိမ်တော့မယ်ဆိုတာ သိသာပါတယ်။ ဒါက လူလိမ်တွေ တခုခုကို မဖြေခင် အချိန်ယူစဉ်းစားနည်း တမျိုးပါပဲ။
မျက်နှာ (သို့) ပါးစပ်ကို ဖုံးကွယ်တာ
Source: Bright Side
လူတစ်ယောက်လိမ်နေပြီဆိုတာ အသိသာဆုံးအချက်ကတော့ သူလိမ်နေတဲ့အချိန်မှာ မျက်နှာ (သို့) ပါးစပ်ကို ဖုံးကွယ်တာပဲဖြစ်ပါတယ်။ ဒီအချက်ကတော့ လူလိမ်တွေမှာ တွေ့ရတတ်တဲ့ အထင်ရှားဆုံးအချက်ပါပဲ။