တစ်ချို့သောလူတွေက စကားပြောအရမ်းကောင်းကြပါတယ်။ တစ်ဖက်သားကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်သိမ်းသွင်းတဲ့နေရာမှာ သူမတူအောင် ကျွမ်းကျင်ကြတယ်။ ဒါကို လူတိုင်းပြုလုပ်ကျင့်သုံးနိုင်ပါတယ်။ အဓိက ပြောရမယ့်စကားတွေကို ကြိုတင်လေ့လာမှတ်သားထားရမှာပါ။
ဒီနေ့ kwee page က လူတွေကိုယ့်ရဲ့အကြံကို လက်ခံလာအောင် ဘယ်လိုဆွဲဆောင်သိမ်းသွင်းရမလဲဆိုတဲ့ နည်းလမ်းတွေအကြောင်း ပြောပြပေးမှာပါ။
ယေဘုယျ စကားလုံးတွေ မသုံးပါနဲ့

“ဘယ်တော့မှ၊ အချိန်တိုင်း၊ အကုန်လုံး နဲ့ အမြဲတမ်း” ဆိုတဲ့ ယေဘုယျ စကားလုံးတွေကို ထည့်သွင်းပြောကြားခြင်းမပြုပါနဲ့။ ဘယ်အချိန်မှာ ဘာတွေဖြစ်ပျက်သွားလဲ။ ဘယ်သူတွေနဲ့ သက်ဆိုင်နေလဲဆိုတာကို သေချာတွေးပါ။
အချိန်ကို တိကျစွာပြောပါ

“နောက်နေ့တွေမှာ၊ ဒီတပတ်ထဲ၊ နောက်လထဲ၊” စသဖြင့်မတိကျမသေချာတဲ့ အချိန်တွေကို မပြောပါနဲ့။ တိကျသေချာတဲ့ အချိန်ကို ပြောပါ။
ဒါပေမယ့်ဆိုတဲ့ စကားကိုဖြစ်နိုင်ရင် အသုံးမပြုပါနဲ့

ပြဿနာကို ဖြေရှင်းဖို့ကြိုးစားနေကြောင်း တစ်ဖက်သားကို သိအောင်ပြပါ

အဆိုးမြင်တဲ့ စကားလုံးတွေ မသုံးပါနဲ့

ငြင်သာစွာငြင်းဆန်တတ်ပါစေ

နိုးဆိုတဲ့ အငြင်းစကားလုံးကို ဖြစ်နိုင်ရင်မသုံးပါနဲ့
Source: Bright Side
