ဖက်ရှင်အကြောင်းပြောရင် အပေါ်မှာ ဝတ်တဲ့ ရှပ်တွေ ၊ Suit နဲ့ Jacket တွေပဲ ပြောလို့ မဖြစ်ပါဘူး။ ဘောင်းဘီရှည်တွေကလည်း ကိုယ့်ရဲ့ နေ့စဉ်ဖက်ရှင်တစ်ခုအနေနဲ့ ထည့်ပြီး စဉ်းစားဖို့ လိုမှာ ဖြစ်ပါတယ်။ Trouser စတိုင်တွေအကြောင်း ပြောမယ်ဆိုရင် အမျိုးသားတွေရဲ့ အဝတ်ဗီရိုထဲမှာ ရှိသင့်တဲ့ စတိုင်တချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) သက္ကလတ်ထည်

Photo: Grailed

အင်ဒီယာနာဂျုံးစ်မင်းသားကြီး ဝတ်လေ့ရှိတဲ့ သက္ကလတ်သား ဘောင်းဘီမျိုး ဖြစ်ပါတယ်။ သက္ကလတ်သားဘောင်းဘီတွေက နွေးပြီး အကြမ်းခံပါတယ်။ ဒါကြောင့် ရာသီဥတုအေးတဲ့ အရပ်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။ သူတို့နဲ့ တွဲစီးသင့်တဲ့ ဖိနပ်ကတော့ လယ်သာရှုးစ်မျိုး ဖြစ်ပြီး အပေါ်မှာ Oxford Shirt တစ်ထည်နဲ့ တွဲဝတ်နိုင်ပါတယ်။

(၂) သိုးမွေးထည်

Photo: Shpock

Jeans ထည်တွေကတော့ အမျိုးသားတိုင်းမှာ တစ်ထည်မဟုတ် တစ်ထည် ပိုင်ဆိုင်ပြီး ဖြစ်ပါလိမ့်မယ်။ သိုးမွေးဘောင်းဘီတွေဟာ Formal ကျကျဝတ်မယ့်သူတွေအတွက် ပိုပြီး သင့်တော်ပါတယ်။

(၃) Chinos

Photo: onpointfresh

Chinos သားဘောင်းဘီတွေထဲမှာ ထောင့်ဖြတ်စင်း Twill Chinos စတိုင်တွေက လူကြီးလူကောင်းဆန်စေပါတယ်။ သက်လတ်ပိုင်းလူငယ်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။ Casual ဖက်ရှင်ဖြစ်ချင်ရင် T-Shirt နဲ့ သက်တောင့်သက်သာရှိတဲ့ Shoes တစ်ရံနဲ့ တွဲ ဝတ်နိုင်ပါတယ်။

(၄) လီနင်

Photo: onpointfresh

လီနင်ချည်ဘောင်းဘီတွေကလည်း သပ်သပ်ရပ်ရပ် ဝတ်စားတတ်သူတို့အတွက် အကောင်းဆုံးဖက်ရှင်ပါပဲ။ လီနင်ချည်သားဘောင်းဘီတွေက အသားအေးတာကြောင့် ဝတ်ရတာ သက်တောင့်သက်သာရှိပြီး မျက်စိလည်း အမြင်ယဉ်ပါတယ်။အရောင်လည်း ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ ကာလာဖျော့နဲ့ လာပါတယ်။ ပေါ့ပေါ့ပါးပါး Smart Casual ဒီဇိုင်း ဝတ်ချင်သူတွေအဖို့ တီရှပ်အဖြူနဲ့ Trainer Shoes တွေနဲ့ တွဲပြီး ဝတ်ဆင်နိုင်ပါတယ်။