ထရိုင်ဒီနေးဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းအနေနဲ့ ဖရက်ဒ်ကို ဘောလုံး ၃ ချက် ဒါမှမဟုတ် ၄ ချက်လောက် ပေးထိရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ ရှက်တာဒိုးနတ်အသင်းကနေ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကစားသမားဘဝကို နှေးကွေးစွာစတင်ခဲ့သူဖြစ်ပေမယ့် ၎င်းရဲ့ပုံမှန်ခြေစွမ်းကို ရှာတွေ့နေပြီဖြစ်ပုံရပါတယ်။

Photo: sportbible
ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေးက ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ်တုန်းက ဖရက်ဒ်နဲ့ ယှဉ်ပြိုင်ကစားခဲ့သူဖြစ်ပြီး ယူနိုက်တက်ကွင်းလယ်ကစားသမားဟာ ဘောလုံးပိုင်ဆိုင်မှုကို လွယ်လွယ်နဲ့ လက်လျှော့နေတုန်းပဲလို့ ထင်မြင်နေတာဖြစ်ပါတယ်။
“ခင်ဗျား ဖရက်ဒ်နဲ့ ကစားရတဲ့ ဘယ်လိုအချိန်မဆို ကျွန်တော်တို့ ကျိန်းသေ အဲဒါကို လုပ်ဖြစ်တယ်။ ခင်ဗျား သူ့ကို ဘောလုံးယူခွင့်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သူ ဘောလုံးကို ၃ ချက် ဒါမှမဟုတ် ၄ ချက်တော့ ထိရမှာမို့လို့ပါ”

Photo : The Sun
“သူ ဘောလုံးကို တစ်ချက် ဒါမှမဟုတ် ၂ ချက်ပဲထိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိခဲ့ပါဘူး။ သူ့ပွဲတွေ ကြည့်တဲ့ဘယ်သူမဆို သူ ဘောလုံးကို ရယူပြီး လွဲမှားတဲ့နည်းနဲ့ ရင်ဆိုင်တယ်။ လှည့်တယ်။ ခေါက်တယ်။ ကျော်တင်ပေးတယ်။ သူက ခင်ဗျားကို တစ်ပွဲမှာ ၃ ကြိမ်၊ ဒါမှမဟုတ် ၄ ကြိမ်တော့ ဘောလုံးပေးမှာပါ”လို့ talkSPORT ကို ပြောကြားသွားခဲ့ပါတယ်။
