ချစ်သူစုံတွဲတွေတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုက ချစ်သူသက်တမ်းကြာလာနဲ့ အမျှ အနည်းငယ်သွေးအေးပြီး တစ်ယောက်ကိုတစ်ယောက် အချစ်တွေလျော့လာပြီလို့ သံသရဝင်လာတာပါ။ ဒီလိုသံသရတွေဝင်လာတဲ့အခါ မလိုလားအပ်တဲ့ အမှားတွေလုပ်မိပြီး တစ်ယောက်နဲ့ တစ်ယောက်ပိုမိုဝေးကွာသွားစေတက်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် သွေးအေးတယ်လို့ ခံစားမိတယ်မရှိပဲ အချိန်ကြာလေအချစ်တွေပိုတိုးလေဖြစ်စေဖို့ လိုက်နာသင့်တဲ့အခြေခံအချက်လေးတွေပြောပြပေးချင်ပါတယ်။

(၁) အသိအမှတ်ပြုပါ

Loving couple outdoor

Source : Freepik

ချစ်သူနှစ်ဦးတစ်ယောက်ကိုတစ်ယောက်အပြန်အလှန် အသိမှတ်ပြုမှုရှိခြင်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တဲ့နေရာမှာ အရမ်းအရေးပါပါတယ်။ သေးသေးမွှားမွှားကိစ္စလေးတွေကအစ ကိုယ်ချစ်သူလုပ်ပေးတဲ့အရာလေးတွေကိုတန်ဖိုးထားပါ အသိမှတ်ပြုပါ။ တစ်ယောက်ကိုတစ်ယောက်အသိမှတ်ပြုခြင်းက အကောင်းမြင်စိတ်ပိုတိုးပွှားစေပြီး အချစ်တွေတိုးစေနိုင်မှာဖြစ်ပါတယ်။

(၂) ရည်မှန်းချက်တွေချမှတ်ပါ

Laughing brunette man expressing love while posing with girlfriend.

Source : Freepik

မသေချာမရေရာတဲ့ ချစ်ခရီးလမ်းမှာ အချိန်ကြာကြာဖြတ်သန်းနေခြင်းက တစ်ယောက်အပေါ်တစ်ယောက်သွေးအေးလာစေနိုင်ပါတယ်။ဒါကြောင့် ချစ်သူနှစ်ဦးတိုင်တိုင်ပင်ပင်နှင့် လှပတဲ့အနာဂတ်ရည်မှန်းချက်တွေချမှတ်ကြည့်ပါ။ ရည်မှန်းချက်တွေပြည့်ဝဖို့ အတူတူကြိုးစားကြမယ်ဆိုရင် နေ့ရက်တွေကပိုပြီးလှပပျော်ရွှင်လာစေမှာဖြစ်သလို တစ်ယောက်အပေါ်တစ်ယောက်လည်း အချစ်တွေတိုးစေနိုင်ပါတယ်။

(၃) ဝါသနာအသစ်တွေလုပ်ကြည့်ပါ

Laughing brunette man expressing love while posing with girlfriend.

Source : Freepik

ဝါသနာအသစ်အဆန်းလေးတွေလုပ်ဆောင်ခြင်းက ချစ်သူနှစ်ဦးရဲ့ အချစ်တွေကိုလက်ဆတ်စေပြီး ဆက်ဆံရေးပိုကောင်းလာစေဖို့ တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့် ချစ်သူသက်တမ်းတစ်လျောက် မလုပ်ခဲ့ဖူးတဲ့ အရာလေးတွေ နှစ်ယောက်လုံး သဘောကျစေမယ့် ဝါသနာလေးတွေကို အတူတူရှာဖွေပြီးလုပ်ဆောင်ကြည့်ပါ။

(၄) တစ်ဖက်လူရဲ့ ခံစားချက်ကိုမြင်ပေးပါ

Cheerful man carrying his beloved girl

Source : Freepik

ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းတရားတွေ တိုးပွားခိုင်မာလာစေဖို့ အဓိကအားဖြင့် တစ်ယောက်နဲ့ တစ်ယောက်ရင်ဘတ်ချင်းနီးနေမှဖြစ်မှာပါ။ ကိုယ်အဆင်ပြေဖို့ပဲမကြည့်ပဲ ကိုယ်ချစ်သူရောအဆင်ပြေရဲ့လားဆိုတာ အမြဲထည့်စဉ်းစားပေးဖို့လိုပါတယ်။တစ်ယောက်ရဲ့ ခံစားချက်ကိုတစ်ယောက်နားလည်ရင် သွေးအေးခြင်းဆိုတာလည်းမရှိနိုင်ပါဘူး။