အရက်သောက်တဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းထဲက သွေးစီးကြောင်းက စုပ်ယူပါတယ်။ အင်ဇိုင်းတွေက အယ်လ်ကိုဟောကို ဇီဝကမ္မဓါတ်ပြုပြီး အသည်းကနေ အများဆုံး ချေဖျက်ပါတယ်။ မချေဖျက်နိုင်တဲ့ အယ်လ်ကိုဟောကို ဆီးနဲ့အသက်ရှုထုတ်မှုကနေ စွန့်ထုတ်ပါတယ်။ ဒါကြောင့် ပါးစပ်နှာခေါင်းကနေ အရက်နံ့ ပြန်ထွက်လာတာ ဖြစ်ပါတယ်။
အရက်နံ့ကို ဖျောက်လို့ ရသလားဆိုရင် အချိန်လိုတယ်လို့ ပြောရမှာပါ။ အချိန်တန်ရင် အရက်နံ့က ပျောက်တတ်တယ်ဆိုပေမယ့် အရေးပေါ် အရက်နံ့ မထွက်အောင် လုပ်လို့ရတဲ့နည်းလေးတွေ သိထားတာ အကောင်းဆုံးပါပဲ။
(၁) အယ်လ်ကိုဟောပါတဲ့ ခံတွင်းဆေးရည် နဲ့ အာလုတ်ကျင်းပါ
Photo: Freepik
အယ်လ်ကိုဟောပါတဲ့ Mouthwash ဟာ ခံတွင်းနံ့ဆိုးတာကို ယာယီနှိမ်နင်းနိုင်သလို အရက်နံ့ကိုလည်း အရေးပေါ် ဖျောက်နိုင်ပါတယ်။ ခံတွင်းနံ့ ဆိုးတာ သက်သာစေတဲ့အပြင် တော်ရုံသောက်လာလို့လည်း လူမိသအောင် ကူညီပေးနိုင်ပါတယ်။ အချိန်ရရင် သွားပါ တိုက်လိုက်တာ အကောင်းဆုံးပါပဲ။
(၂) ချောင်းဆိုးပျောက်ဆေးရည် လျက်ပါ
Photo: Freepik
ချောင်းဆိုးပျောက်ဆေးရည်တွေကလည်း အရက်သောက်လို့ ခံတွင်းနံ့ဆိုးတာကို ကာကွယ်ပေးနိုင်ပါတယ်။ လူကိုလည်း ခဏတစ်ပန်း ယာယီလန်းဆန်းစေပါတယ်။
(၃) ကော်ဖီသောက်ပါ
Photo: Freepik
ကော်ဖီသောက်ရင်လည်း အရက်နံ့ ထွက်တာ သက်သာစေနိုင်ပါတယ်။ အရက်သောက်လာလို့ ခံတွင်းနံ့ထွက်တာကို ယာယီသက်သာချင်ရင် ကော်ဖီနှစ်ခွက်လောက် သောက်လိုက်ပါ။ ကော်ဖီနံ့က အယ်လ်ကိုဟောနံ့ကို လွှမ်းနိုင်ပါတယ်။
(၄) မြေပဲထောပတ် စားပါ
Photo: Freepik
Peanut Butter တွေဟာ ထူးကဲပြင်းထန်တဲ့ အနံ့ရှိပါတယ်။ မြေပဲနံ့ဟာ ခံတွင်းနဲ့ လည်ချောင်းမှာ ခဏလောက်တော့ အနံ့စွဲထင်ပြီး အရက်ကြောင့် ဖြစ်တဲ့ အနံ့ကို သက်သာစေပါတယ်။
(၅) ပီကေဝါးပါ
Photo: Freepik
အရက်နံ့တွေပျောက်ဖို့အတွက် အလွယ်ဆုံး နည်းလမ်းက အနံ့ပြင်းပြင်း Chewing Gum ဝါးဖို့ပါပဲ။ တကယ်တမ်းတော့ အရက်နံ့ ပျောက်အောင် မလုပ်နိုင်ပေမယ့် ပီကေနံ့ ရှိနေသရွေ့ အရက်နံ့ကို တခြားသူတွေ သိပ်သတိမထားမိတော့ဘူးပေါ့။
အရက်သောက်ပြီး အရက်နံ့ သိပ်မထွက်ချင်ရင် အယ်လ်ကိုဟော Percentage နည်းတဲ့ အရက်တွေ သောက်ပါ။ တတ်နိုင်သမျှ နည်းနည်းသောက်ပါ။ အယ်လ်ကိုဟောပါတဲ့ ယမကာနဲ့ အယ်လ်ကိုဟောမပါတဲ့ သောက်စရာတွေ တလှည့်စီ သောက်ပေးပါ။ သောက်မယ်ဆိုရင် ရေ ၊ ရေခဲ ၊ ဆိုဒါတွေ ထည့်ပြီး သောက်မယ်ဆိုရင် အရက်နံ့ထွက်တာ ပိုပြီး သက်သာနိုင်ပါတယ်။