ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ခံစစ်ပိုင်း ဆိုးရွားတဲ့မှတ်တမ်းတွေ ရရှိခဲ့ပေမယ့်လည်း နည်းပြ သောမတ်စ် တူဟယ်က အသင်းမှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်စရာ မလိုအပ်ဘူးလို့ ငြင်းပယ်သွားခဲ့ပါတယ်။

skysports-thomas-tuchel-chelsea_5608824

Photo: Skysports

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းအထိ ခံစစ်နဲ့ပတ်သက်ရင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲမှာ ၄ ဂိုးသာ ခွင့်ပြုခဲ့ရပြီး မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ခဲ့ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁၀ ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး အဲဒီထဲက ၇ ဂိုးဟာ ပရီးမီးယားလိဂ်ဂိုးတွေ ဖြစ်ခဲ့ပါတယ်။

နည်းပြ သောမတ်စ် တူဟယ်က ချဲလ်ဆီးအသင်းရဲ့ ပေးဂိုးတွေ သိသိသာသာ မြင့်တက်လာတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရတာတော့ အံ့အားသင့်စရာမဟုတ်တော့ဘဲ ၎င်းအနေနဲ့ ယိုယွင်းလာတဲ့ ခံစစ်ဟာကွက်တွေကို အလျင်အမြန် ပြင်ဆင်ရဖို့ ဝတ္တရား ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြဟာ ၎င်းရဲ့အသင်းနဲ့ပတ်သက်ပြီး အလွန်ယုံကြည်ချက် ရှိနေပုံပေါ်ခဲ့ပြီး ပေးဂိုးမရှိဆိုတဲ့အပေါ်မှာ အသင်းကို တည်ဆောက်ထားတာမဟုတ်လို့ ပေးဂိုးတွေများလာတာက ပြဿနာမဟုတ်ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Chelsea against Zenit

Photo: Telegraph

” အသင်းက ပေးဂိုးမရှိတဲ့အပေါ်မှာ အဓိက တည်ဆောက်ထားခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားနေတဲ့အချိန်မှာ ပေးဂိုးမရှိဖြစ်လာပြီး ကျွန်တော်တို့ ဆက်ကစားနေရမှာပါ။ ကျွန်တော်တို့ အချို့နေရာတွေမှာ တိုးတက်နိုင်ပေမယ့် ပေးဂိုးမရှိရလဒ်ရဖို့ ကံကောင်းမှုနဲ့ ပြင်းထန်မှုမျိုးလိုအပ်မယ်ဆိုတာကို ပြောဖို့ ကျွန်တော်တို့ ဘယ်တုန်းကမှ ရှက်နေမှာ မဟုတ်ပါဘူး”

“ဒီနေ့ ကျွန်တော်တို့ မြင့်မားတဲ့ ပြန်လည်ကုစားမှုတွေမှာ ရင်းနှီးမြှုပ်နှံနေခဲ့ပြီး ရုတ်တရက်ပဲ အဲဒါက ခင်ဗျားအတွက် ပြစ်ဒဏ်ဖြစ်လာတယ်။ အဲဒါက ခင်ဗျားကို ပေးဆပ်ရစေတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ပြုပြင်ပြောင်းလဲဖို့ ကြီးမားတဲ့အရာတွေ မရှိပါဘူး။ ပေးဂိုးမရှိဆိုတာက ကျွန်တော်တို့ အဲဒီအပေါ်မှာ အာရုံစိုက်ပြီး ရလဒ်အပေါ်မှာ အာရုံမစိုက်တဲ့အခါကျရင် ရောက်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: