အခုချိန်က အိမ်မှာနေကြဖို့ တိုက်တွန်းခံထားရတဲ့ Home Stay ကာလဖြစ်တာကြောင့် အိမ်မှာနေတုန်း စိတ်သက်သာရာရဖို့ လူတွေဟာ နည်းမျိုးစုံနဲ့ စိတ်ဖြေရာရှာနေကြပါတယ်။ တစ်ချို့က ရုပ်ရှင်တွေ ကြည့်တယ်။ တစ်ချို့က အခန်းထဲအောင်းပြီး ဂိမ်းကစားတယ်။ တစ်ချို့က စာဖတ်ကြတယ်။ တကယ်လို့ Skin Care လုပ်မယ်ဆိုရင်လည်း ဒီအချိန်က အကောင်းဆုံးပါပဲ။
(၁) Face Scrubs

Photo: Mensxp
ပုံမှန် မျက်နှာသစ်တာအပြင် မျက်နှာချေးချွတ်တာကလည်း အရေးကြီးပါတယ်။ အမျိုးသားသားတွေရဲ့ အရေပြားဟာ အမျိုးသမီးတွေထက် ပိုထူပါတယ်။ မုတ်ဆိတ်ရှိပြီး အရေပြား ခြောက်သွေ့တဲ့သူတွေအတွက် Face Scrubs လုပ်တာဟာ မွေးညှင်းပေါက်တွေကို ပိုပြီး သန့်ရှင်းပေးနိုင်သလို အသားအရေလည်း ပိုပြီး နူးညံ့ချောမွေ့စေပါတယ်။
(၂) Face Serums

Photo: Mensxp
အမျိုးသားတော်တော်များများကတော့ မျက်နှာလိမ်းဆီ Face Serums သိပ်မသုံးကြပါဘူး။ မျက်နှာချောမွေ့သန့်စင်ဖို့ဆိုရင် Vitamin C ပါတဲ့ Serums တွေ သုံးသင့်ပါတယ်။ နိုက်ယာစီနာမိုက်ကတော့ မျက်နှာမွေးညှင်းပေါက် ကျယ်တာတွေ သက်သာစေပြီး အသားအရေကို ပိုပြီး နုပျိုစေပါတယ်။
(၃) Moisturiser

Photo: Mensxp
Skin Care လုပ်ရာမှာ ချန်မထားသင့်တဲ့အရာ တစ်ခုက Moisturiser ပါပဲ။ သင့်အသားအရေအမျိုးအစားနဲ့ ဖြစ်နေတဲ့ ပြဿနာကို လိုက်ပြီး သင့်အနေနဲ့ ဆီ ၊ ဂျယ်လ်နဲ့ ရေအခြေခံ အစိုထိန်း Moisturiser သုံးသင့်ပါတယ်။
(၄) Night Cream

Photo: Mensxp
တစ်နေ့လုံး အသားအရေထိန်းသိမ်းပြီးလို့ ညရောက်ရင်လည်း Night Cream သက်သက် လိမ်းနိုင်ပါတယ်။ Night Cream နဲ့ Serums တို့ဟာအသားအရေ ပျက်စီးမှုကို ထိန်းပေးနိုင်ပြီး မျက်နှာအရေးအကြောင်းပေါ်တာ ၊ အရေတွန့်တာတွေကို သက်သာစေပါတယ်။
(၅) Sheet Mask

Photo: Mensxp
အသားအရေ အလွယ်တကူထိန်းသိမ်းဖို့ အလွယ်ကူဆုံးနည်းတွေထဲမှာ Sheet Mask လည်း ပါပါတယ်။ Sheet Mask ဟာ နေ့တိုင်း လုပ်စရာမလိုဘဲ တစ်ပတ်တစ်ခါ-နှစ်ခါလောက် လုပ်ပေးရုံနဲ့ အဆင်ပြေပါတယ်။ Sheet Mask တွေက ဝယ်ဖို့လည်း လွယ်သလို သုံးရတာလည်း မခက်လို့ အပတ်စဉ် ပုံမှန်လုပ်ပေးသင့်ပါတယ်။
