ဒီကလေးနှစ်ယောက်ဟာ ကြည့်လိုက်ရင် အမျိုးမတော်သလိုပါပဲ။ ဒါပေမယ့်သူတို့နှစ်ယောက်ဟာ အမျိုးဆိုတာထက်ပိုပါတယ်။ သူတို့နှစ်ယောက်ဟာ အမွှာမောင်နှအမတွေဖြစ်ကြပါတယ်။ သူတို့တွေဟာ အသားအရောင် ကွဲပြားစွာမွေးဖွားလာခဲ့ကြတာပါ။
ဒီလိုအသားအရောင်မတူညီကြတဲ့ အမွှာကလေးတွေ မွေးဖွားနိူင်မှုဟာ အပုံ (၅၀၀) မှာ (၁) ပုံသာရှိပါတယ်။ သူတို့တွေဟာ အသားအရောင်သာမက မျက်လုံး၊ ဆံပင် တွေကအစ ကွဲပြားကြတယ်။ သူတို့ရဲ့ မိခင်ကိုယ်တိုင်ကိုက ပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာ အကြီးအကျယ် အံ့ဩသွားခဲ့ရတဲ့အထိ ထူးဆန်းခဲ့ပါတယ်။
အမွှာမောင်နှမကိုတော့ Judith Nwokocha လို့ခေါ်တဲ့ အမျိုးသမီးက (၂၀၁၆) ခုနှစ်မှာ မွေးဖွားပေးခဲ့တာပါ။ “သူနာပြုဆရာမက ကျွန်မကိုကလေးတွေလာပေးတဲ့အချိန်မှာ တခြားလူတွေရဲ့ကလေးတွေနဲ့ မှားလာတာလားလို့တောင်ထင်မိခဲ့တယ်။” ဟု မိခင်ဖြစ်သူက ရီမေားရင်း ပြောဆိုခဲ့ပါတယ်။
ညီမဖြစ်သူ Kachi မှာရှားပါးတဲ့ albinism ဆိုတဲ့အရေးပြားမှာ အရောင်ရှားပါးမူ ရောဂါခံစားနေရတာပါ။ ဒီရောဂါဟာ ရုပ်ရှည်သွင်ပြင် နဲ့အဓိကအားဖြင့် မျက်လုံး၊ အရေပြားနဲ့ ဆံပင်တွေမှာ သက်ရောက်မူ ပိုရှိစေပါတယ်။ albinism ရောဂါသယ်ဆောင်ထားတဲ့ မိခင်တွေရဲ့ ကလေး (၄) ယောက်တိုင်းမှာ (၁) တစ်ယောက်က ဒီရောဂါကို ခံစားရနိူင်ပါတယ်။
Kachi ဟာ albinism ရောဂါခံစားနေရပေမယ့် ကျန်းကျန်းမာမာရှိနေပါတယ်။ ဒါပေမယ့် သူမဟာ နေရောင်ကို အကြာကြီးခံနိူင်ရည်မရှိသလို မျက်စိအားနည်းတာကြောင့် မျက်မှန်တပ်ဆင်ထားရပါတယ်။ အမွှာမောင်နှမရဲ့ အမေဖြစ်သူ Judith ဟာနိူင်ဂျီးရီးယားမှ လာသူဖြစ်ပြီး လက်ရှိ ကနေဒါနိူင်ငံမှာ ဓာတ်ပုံဆရာမတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပါတယ်။
လူတော်တော်များများကတော့ Kachi နဲ့ Kamsi မောင်နှမကို အမွှာလို့ပြောရင် မယုံကြဘူး။ ဒါပေမယ့် သူတို့ကိုသွားပြီး အပြစ်တင်လို့လည်းမရပါဘူး။ Kachi နဲ့ Kamsi မောင်နှမဟာ လက်ရှိအသက် (၄) နှစ်ရှိပါပြီ။ နှစ်ယောက်စလုံး ကျန်းကျန်းမာမာနဲ့ ကြီးထွားလာနေပါတယ်။
Source: Bright Side