လူတိုင်းဟာ ကိုယ့်အနာဂါတ်ပန်းတိုင်ဆီ ရောက်ဖို့ တစ်နေ့တစ်နေ့ဘဝကို ရွေ့အောင် တွန်းနေကြသူတွေချည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ပန်းတိုင်ဆီ သွားရာမှာ သာမန်ထက် မြန်အောင် ကိုယ့်ကိုယ်ကို ဘယ်လို ရွှေ့နေကြမလဲ ဆိုတာ အရေးကြီးပါတယ်။

အလုပ်မှာပဲ ဖြစ်ဖြစ် နောက်ဆုံး ကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်ရာမှာပဲဖြစ်ဖြစ် ဒီမေးခွန်း ၂ ခွန်းကို နေ့စဉ်လက်စွဲထား မေးမြန်းသုံးသပ်သွားခြင်းအားဖြင့် ကိုယ့်ဘဝခရီးမှာ လိုရာပန်းတိုင်ကို လွယ်ကူလျင်မြန်စွာ လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။

(၁) မေးခွန်းနံပါတ် ၁ ။ Why

Source: UX Collective

အရာရာကို ပိုကောင်းအောင် လုပ်ရာမှာ အရေးကြီးဆုံး ခြေလှမ်းကတော့ ဘာကြောင့်လဲလို့ ကိုယ့်ဘာသာ မေးခွန်းထုတ်တာပါပဲ။ ကိစ္စတိုင်းကို အကြောင်းသိအောင် လုပ်ခြင်းအားဖြင့် လိုရာအကျိုးရလဒ်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းကို အကောင်းဆုံး မေးခွန်းပြန်ထုတ်တတ်ရင် အဖြေကောင်းတွေ ထွက်လာပါမယ်။

ဥာဏ်ပညာထွန်းကားဖို့ အရေးကြီးတဲ့ အချက်တစ်ချက်က မေးခွန်းတွေ ထုတ်နေဖို့ပါပဲ။ မေးခွန်းမှသည် မေးခွန်းတွေ ဆက်တိုက်မေးသွားရင်းနဲ့ပဲ အမှန်တရားဆီ ရောက်သွားမှာ ဖြစ်ပါတယ်။ ချမ်းသာချင်ရင် ၊ အောင်မြင်ချင်ရင် ၊ ပျော်ရွှင်ချင်ရင် “ဘာကြောင့်လဲ” လို့ မေးပြီး ကိုယ့်ကိုယ်ကို အသေးစိတ် မှန်မှန်ကန်ကန် ဖြေကြည့်ပါ။ အဖြေရှာတွေ့မှာ ဖြစ်ပါတယ်။

(၂) မေးခွန်းနံပါတ် ၂ ။ How

Source: ShutterStock

မေးခွန်းထုတ်တဲ့ သူအတွက် အကြောင်းရင်းကို သိပြီ ဖြစ်ပါတယ်။ ဒီကနေမှ ဘယ်လို လုပ်မလဲဆိုတဲ့ နောက်ထပ် မေးခွန်းကို ထုတ်သွားဖို့ လိုလာပါပြီ။ ဒါကတော့ လက်တွေ့ အသုံးချစရာအတွက် မေးခွန်းဖြစ်လို့ ကိုယ့်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေ ၊ ကြားနာ သင်ကြားမှုတွေ ၊ တစ်ခြား အတွေ့အကြုံ ရင့်ကျက်ကြွယ်ဝသူများရဲ့ အကြံဥာဏ်ကနေ အဖြေရှာသွားရမှာ ဖြစ်ပါတယ်။
ဒီမေးခွန်းနှစ်ခုဟာ ဘယ်နယ်ပယ်မှာမဆို အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး မေးခွန်းနှစ်မျိုး ဖြစ်လို့ နေ့စဉ် မေးရင်း ဖြေရင်းနဲ့ ဘဝပန်းတိုင်ကို အကောင်းဆုံး လှမ်းကိုင်နိုင်တော့မှာပါ။