လူတိုင်းဟာ ကိုယ့်အနာဂါတ်ပန်းတိုင်ဆီ ရောက်ဖို့ တစ်နေ့ တစ်နေ့ ဘဝကို ရွေ့ အောင် တွန်းနေကြသူတွေချည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ပန်းတိုင်ဆီ သွားရာမှာ သာမန်ထက် မြန်အောင် ကိုယ့်ကိုယ်ကို ဘယ်လို ရွှေ့ နေကြမလဲ ဆိုတာ အရေးကြီးပါတယ်။

အလုပ်မှာပဲ ဖြစ်ဖြစ် နောက်ဆုံးကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်ရာမှာပဲ ဖြစ်ဖြစ် ဒီမေးခွန်း ၂ ခွန်းကို နေ့ စဉ်လက်စွဲထား မေးမြန်းသုံးသပ်သွားခြင်းအားဖြင့် ကိုယ့်ဘဝခရီးမှာလိုရာပန်းတိုင်ကို လွယ်ကူလျင်မြန်စွာလှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။

 

မေးခွန်းနံပါတ် (၁) – Why

Source: Pexels
အရာရာကို ပိုကောင်းအောင် လုပ်ရာမှာ အရေးကြီးဆုံး ခြေလှမ်းကတော့ ဘာကြောင့်လဲလို့ ကိုယ့်ဘာသာ မေးခွန်းထုတ်တာပါပဲ။ ကိစ္စတိုင်းကို အကြောင်းသိအောင် လုပ်ခြင်းအားဖြင့် လိုရာအကျိုးရလဒ်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကို အကောင်းဆုံး မေးခွန်းပြန်ထုတ်တတ်ရင် အဖြေကောင်းတွေ ထွက်လာပါမယ်။

ဥာဏ်ပညာထွန်းကားဖို့  အရေးကြီးတဲ့ အချက်တစ်ချက်ကမေးခွန်းတွေ ထုတ်နေဖို့ ပါပဲ။ မေးခွန်းမှသည် မေးခွန်းတွေဆက်တိုက်မေးသွားရင်းနဲ့ပဲ အမှန်တရားဆီ ရောက်သွားမှာ ဖြစ်ပါတယ်။ ချမ်းသာချင်ရင် ၊ အောင်မြင်ချင်ရင် ၊ ပျော်ရွှင်ချင်ရင် “ဘာကြောင့်လဲ” လို့ မေးပြီး ကိုယ့်ကိုယ်ကို အသေးစိတ် မှန်မှန်ကန်ကန်ဖြေကြည့်ပါ။အဖြေရှာတွေ့ မှာဖြစ်ပါတယ်။

မေးခွန်းနံပါတ် (၂ ) – How

Source: Pixabay

မေးခွန်းထုတ်တဲ့ သူအတွက် အကြောင်းရင်းကို သိပြီဖြစ်ပါတယ်။ ဒီကနေမှ ဘယ်လိုလုပ်မလဲဆိုတဲ့ နောက်ထပ်မေးခွန်းကို ထုတ်သွားဖို့ လိုလာပါပြီ။ ဒါကတော့ လက်တွေ့ အသုံးချစရာအတွက် မေးခွန်းဖြစ်လို့ ကိုယ့်ရဲ့ ဖြတ်သန်းမှု အတွေ့ အကြုံတွေ ၊ ကြားနာ သင်ကြားမှုတွေ ၊ တစ်ခြား အတွေ့ အကြုံရင့်ကျက်ကြွယ်ဝသူများရဲ့ အကြံဥာဏကနေ အဖြေရှာသွားရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းနှစ်ခုဟာ ဘယ်နယ်ပယ်မှာမဆို အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး မေးခွန်းနှစ်မျိုး ဖြစ်လို့ နေ့ စဉ် မေးရင်း ဖြေရင်းနဲ့ ဘဝပန်းတိုင်ကို အကောင်းဆုံး လှမ်းကိုင်နိုင်တော့မှာပါ။