Boots တွေဟာ ယောင်္ကျားဆန်မှုကို အများကြီး ဖော်ပြပေးနိုင်တဲ့ ဖက်ရှင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် Boots တွေကို ရာသီဥတုအေးတဲ့ ဆောင်းတွင်းလို ကာလတွေမှာ စီးကြပေမယ့် တကယ်တမ်းကျတော့ Boots တွေကို နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ဝတ်ဆင်နိုင်ပါတယ်။ အမျိုးသားစီး Boots တွေထဲမှာ နာမည်ကျော်လူကြိုက်များကြတဲ့ Boots တွေကတော့-

(၁) Chelsea Boots

CHELSEA BOOTS

Photo: Fashion Beans

ဗစ်တိုးရီးယားခေတ်ကတည်းက ယောင်္ကျားတွေအကြားမှာ လူကြိုက်များခဲ့တဲ့ Boots ဖြစ်ပါတယ်။ ချယ်လ်ဆီးမြို့မှာ လူကြိုက်များလို့ Chelsea Boots လို့ ခေါ်တာပါ။ အခုတော့ ကမ္ဘာနဲ့အဝှမ်းမှာ နာမည်ကြီးတဲ့ ဖက်ရှင်တွေ ဖြစ်လာပါပြီ။ Chelsea Boots ဝယ်မယ်ဆို ဘာနဲ့တွဲစီးစီး လိုက်ဖက်တဲ့ လယ်သာအညိုရင့် ဒါမှမဟုတ် အနက်ရောင် ဝယ်တာက စိတ်ချရပါတယ်။

(၂) Desert Boots

DESERT BOOTS

Photo: Fashion Beans

Desert Boots က စစ်တပ်မှာ စီးတဲ့ဖိနပ်အဖြစ်ကနေ အဆင့်မြှင့်လာတာပါ။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ အခြေစိုက်စဉ်က အရာရှိတွေဟာ သားရေပျော့အပေါ် Uppers နဲ့ ရော်ဘာ Soles ပါးတစ်ခုပါတဲ့ Shoes တွေစီးတာကို ဗြိတိသျှအရာရှိ နေသန်ကလာ့ခ်က သတိပြုခဲ့ပါတယ်။ စုံစမ်းကြည့်တော့ ဒီဖိနပ်တွေဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ခံနိုင်ဖို့ အထူးထုတ်ထားတဲ့ အီဂျစ်ဈေးထဲမှာ ရောင်းတဲ့ ဖိနပ်ဖြစ်တယ်လို့ ဆိုပါတယ်။

နေသန်ဟာ ဒီကနေ အိုင်ဒီယာရပြီး သူ့နိုင်ငံရောက်တော့ မိသားစု စီးပွားရေးကနေတစ်ဆင့် ဗြိတိန် Shoes ကုမ္ပဏီကြီးဖြစ်တဲ့ Clarks ကို တည်ထောင်ခဲ့တာပါ။ Desert Boots တွေကို Smart Denim Jeans ဘောင်းဘီတွေနဲ့ ဝတ်ကြပါတယ်။ တခြား Boots တွေလိုပဲ Desert Boots တွေကို ဆောင်းတွင်းဘက်တွေမှာ အစီးများပါတယ်။

(၃)Brogue Boots

BROGUE BOOTS

Photo: Fashion Beans

၁၉၀၀ ပြည့်လွန်နှစ်တွေကတည်းက Brogue ဖက်ရှင်တွေက ခေတ်စားခဲ့တာပါ။ ဖိနပ်အိမ်မှာ အပေါက်ကလေးတွေ တန်းစီဖောက်ထားတဲ့ လည်ရှည်ဖိနပ်မျိုး ဖြစ်ပါတယ်။ Brogues တွေက ကြံ့ခိုင်မှုအားကောင်းပြီး ယောင်္ကျားပီသမှုရဲ့ အမှတ်လက္ခဏာတစ်ခုကို ဖော်ပြနိုင်စွမ်းရှိပါတယ်။ Brogue Boots တွေကို ဖက်ရှင်မျိုးစုံနဲ့ တွဲစီးကြပြီး ဘောင်းဘီအမျိုးမျိုးနဲ့လည်း လိုက်ဖက်ပါတယ်။

(၄) Work Boots

Work Boots

Photo: Fashion Beans

Work Boots ဆိုတဲ့အတိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်လို Site တွေမှာ စီးကြလေ့ရှိပါတယ်။ Work Boots တွေရဲ့ အကြမ်းခံမှုကြောင့် Jeans ၊ T-Shirt ဖက်ရှင်မျိုးနဲ့ ပိုပြီး လိုက်ဖက်မှု ရှိပါတယ်။ Rugged Style ဖြစ်ဖို့ဆို Work Boots ကို အဖြူရောင် တီရှပ် ၊ Bomber Jacket နဲ့ မီးခိုးရောင် Sweatshirt အတွဲကို ဝတ်ဖို့ အကြံပြုကြပါတယ်။

(၅) Oxford Boots

OXFORD BOOTS

Photo: Fashion Beans

Boots တွေထဲမှာ Oxford Boots တွေလည်း နာမည်ကျော်ပါတယ်။ High-Ankled Shoes အမျိုးအစား ဖြစ်ပြီး ဆောင်းတွင်းစီး Boots တွေအဖြစ် ထင်ရှားပါတယ်။ Smart Pant နဲ့ တွဲဝတ်နိုင်ပြီး အနောက်နိုင်ငံတွေမှာတော့ နှင်းကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ Winter Coat တစ်ထည်နဲ့ တွဲဝတ်ကြပါတယ်။

Featured Photo: Fashion Beans