လိင်ကိစ္စတွေပါလာရင် ကွန်ဒုံးအကြောင်းက မပြောမဖြစ် ပါဝင်ပါတယ်။ ဘေးကင်းတဲ့ လိင်ဆက်ဆံမှုမှာ ကွန်ဒုံးက အရေးပါသလို သာယာမှုကိုပေးဖို့ပါ ကွန်ဒုံးအမျိုးအစားအမှန် ရွေးချယ်ဖို့ လိုပြန်ပါတယ်။ ဒီတစ်ခေါက်မှာ ကွန်ဒုံးအမျိုးအစားတွေနဲ့ အဲ့ဒီကွန်ဒုံးတွေရဲ့အကြောင်း ဗဟုသုတအဖြစ် မျှဝေ‌ပေးချင်ပါတယ်။

(၁) Latex ကွန်ဒုံး

Condom

Photo: CNN

ဈေးအသက်သာဆုံးနဲ့ လူသုံးအများဆုံး ကွန်ဒုံးအမျိုးအစားတစ်ခုက Latex ကွန်ဒုံးတွေ ဖြစ်ပါတယ်။ သဘာဝရာဘာကနေ ထုတ်လုပ်ထားပြီး လိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ကူးစက်မှု STIs တွေ ၊ မလိုချင်ဘဲ ကိုယ်ဝန်ရနိုင်မှုတွေကို ကာကွယ်တားဆီးနိုင်ပါတယ်။ ရာဘာနဲ့ ဓါတ်မတည့်သူတွေဆို ယားယံတာ ၊ နီရဲတာတွေ ဖြစ်နိုင်လို့ Latex ကွန်ဒုံး မသုံးသင့်ပါဘူး။ အဆီ ၊ ဗက်ဆယ်လင်းနဲ့ Baby Oil လို အဆီကို အခြေခံထားတဲ့ ချောဆီသုံးထားတဲ့ Latex ကွန်ဒုံးတွေက ချောတာမျိုး ကျွတ်ထွက်တာမျိုး ရှိနိုင်လို့ ရေအခြေခံ ချောဆီမျိုး သုံးတာ ပိုအဆင်ပြေပါတယ်။

(၂) Thin & Ultra-Thin ကွန်ဒုံး

Ultra-Thin Condom

Photo: rappler

ဒီကောင်တွေကတော့ လိင်မှုကိစ္စဆောင်ရွက်နေချိန်မှာ ခံစားချက်ကို ပိုထူးကဲအောင်လို့ Latex အမျိုးအစားတွေထက် ပါးအောင် ထုတ်ထားတာပါ။ Thin & Ultra-Thin အမျိုးအစားတွေကလည်း STIs နဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆိုဒ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ လာသလို ချောဆီ ပါတာရော ၊ မပါတာရော ထွက်ပါတယ်။ ကွန်ဒုံးသား ပါးလွန်းလို့ လိင်ကိစ္စတွေ မြန်မြန်နဲ့တော့ ပြီးသွားနိုင်ပါတယ်။

(၃) Polyisoprene ကွန်ဒုံး

Opening

Photo: dailyhive

ရော်ဘာဒြပ်ပေါင်းနဲ့ ထုတ်ထားပြီး Latex လို ရော်ဘာကြောင့် ယားယံတဲ့ ခံစားမှုမျိုးမရှိပါဘူး ။ သုံးထားတာ နူးညံ့ပြီး အဆွဲအဆန့်ခံလို့ တော်ရုံနဲ့ မပြဲမစုပ်သလို Latex တွေလိုပဲ ကာကွယ်ပေးနိုင်ပါတယ်။ Polyisoprene ကွန်ဒုံးတွေက အတော်လေး ထူတာကြောင့် တချို့လူတွေကတော့ ဒီကွန်ဒုံးတွေ သုံးရာမှာ သက်တောင့်သက်သာမရှိသလိုလည်း ခံစားရနိုင်ပါတယ်။

(၄) Spermicidal ကွန်ဒုံး

Spermicidal Condom

Photo: Medical News Today

Spermicide နဲ့လာတဲ့ ကွန်ဒုံးတွေက သုတ်ပိုးကို သတ်နိုင်တဲ့ ဓါတုပစ္စည်းသုတ်ထားတာပါ။ ဒီကွန်ဒုံးက ကလေးမလိုချင်သူတွေအတွက် ပိုလို့ စိတ်ချရအောင် ထုတ်ထားတယ်လို့ ဆိုရမှာပါ။ ဓါတုပစ္စည်းကြောင့် မအင်္ဂါတဝိုက် ယားယံတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ယားယံတာကြောင့် အသားလေးတွေ မသိမသာပြဲရာကနေ HIT နဲ့ တခြား လိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေလည်း မြင့်တာကို သတိပြုရမှာပါ။

(၅) Specialty ကွန်ဒုံး

Specialty Condoms

Photo: Flickr

ဒီကွန်ဒုံးကတော့ လိင်မှုကိစ္စသာယာရေးအတွက် အထူးထူးအဆန်းဆန်း ဒီဇိုင်းထုတ်ထားတာပါ။ Specialty ကွန်ဒုံးတွေကလည်း အမျိုးမျိုးပါပဲ။ အနံ့နဲ့လာတာ ၊ အရောင်ဆန်းတာ ၊ အဖုအထစ်တွေပါတာ ၊ အမှောင်ထဲ လင်းနေတာ စသည်ဖြင့် အစုံပဲ ထွက်ပါတယ်။ တစ်ခုရှိတာက Specialty ကွန်ဒုံးတိုင်း ကိုယ်ဝန်မရအောင် တားတာ ၊ STIs မဖြစ်အောင် ကာကွယ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ မဝယ်ခင် ဗူးပေါ်မှာ FDI ရဲ့ လိင်နဲ့ဆိုင်တဲ့ ရောဂါတွေ ကာကွယ်နိုင်ကြောင်း ထောက်ခံချက် ပါမပါ စစ်ဆေးဖို့ လိုပါတယ်။

Featured Photo: