Workout လုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းတာ မေးဖို့လိုမှာ မဟုတ်ပါဘူး။ တကယ်တော့ အားကစားလုပ်တာဟာ လိင်မှုကိစ္စတွေအတွက်လည်း သက်လုံနဲ့ စွမ်းရည် မြင့်မားစေပါတယ်။ ဒီတစ်ခေါက်မှာတော့ သက်လုံကောင်းပြီး အိပ်ရာထဲမှာ အိမ်ထောင်မှုသုခရစေမယ့် လေ့ကျင့်ခန်းတွေအကြောင်း ညွှန်းလိုက်ပါတယ်။

(၁) Cardio လေ့ကျင့်ခန်းများ

men-running-on-the-gym-treadmill

Photo: verywellfit

Cardio ကစားတဲ့ ကြိုးခုန် ၊ Squad ၊ အပြေး ၊ Mountain Climbers နည်း ၊ လှေကားတက် ၊ ကစ်ဘောင်ဆင် စတဲ့ လေ့ကျင့်ခန်းတွေက သက်လုံကောင်းအောင် မြှင့်တင်ပေးနိုင်ပါတယ်။ Cardio Training ကစားတာဟာ အဆုတ်လုပ်ဆောင်ချက်ပိုကောင်းစေပြီး သက်လုံအား တက်စေပါတယ်။

(၂) Kegel လေ့ကျင့်ခန်း

Kegel Exercise

Photo: gq

ကီဂယ်လေ့ကျင့်ခန်းတွေဟာ ဆီးခုံကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဆီးသွားပြီးချိန်မှာ လုပ်ရမှာ ဖြစ်ပြီး ထိုင်ရင်းဖြစ်စေ လှဲပြီးဖြစ်စေ လုပ်နိုင်ပါတယ်။ ဆီးခုံကြွက်သားတွေ တင်းလိုက် ဖြေလျှော့လိုက်လုပ်ရတာ ဖြစ်ပြီး ဒီလေ့ကျင့်ခန်းက သက်လုံအပြင် သုတ်လွှတ်မြန်တဲ့ပြဿနာတွေပါ ဖြေရှင်းနိုင်ပါတယ်။

(၃) Weight မခြင်း

_main_liftlift

Photo: mensjournal

Weight မတာဟာ ကြွက်သားတွေ သန်မာကြံ့ခိုင်စေတဲ့အပြင် အိပ်ရာထဲမှာပါ သက်လုံပိုကောင်းစေပါတယ်။ ပုံမှန်ဝိတ်မ,ခြင်းအားဖြင့် လိင်မှုကိစ္စမှာလည်း အကျိုးများတာကို တွေ့ရမှာ ဖြစ်ပါတယ်။

(၄) ယောဂ

Yoga-man-workout-fitness

Photo: gqindia

ယောဂကစားတာဟာ စိတ်ခံစားမှု မြှင့်တင်ပေးရုံတင်မကပါဘူး။ အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းအောင်ပါ ကူညီပေးနိုင်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းတွေဟာ အဆုတ်ရဲ့ အသက်ရှုစနစ်ကို မြှင့်တင်ရာရောက်သလို အိပ်ရာထဲမှာ ကြာကြာသုခခံစားနိုင်ဖို့ပါ ကူညီပေးနိုင်ပါတယ်။

(၅) ရေကူးခြင်း

Swimming

Photo: Spine-Health

သက်လုံကောင်းချင်ရင် ရေကူးပါလို့ ပြောချင်ပါတယ်။ ရေကူးတာဟာ စရိတ်စကအသက်သာဆုံးနဲ့ တစ်ကိုယ်လုံးက ကြွက်သားတွေ လှုပ်ရှားနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ နွေရာသီတွေနဲ့ အလိုက်ဖက်ဆုံး Workout ဆိုလည်း မမှားပါဘူး။

Featured Photo: gqindia