ကိုဗစ်ကမ္ဘာ့ကပ်ရောဂါက လူတွေရဲ့ အသက်ရှုစနစ်ကနေ အသက်အထိ ဒုက္ခပေးနေပါတာကြောင့် လူတိုင်းလူတိုင်း ကိုဗစ်စည်းမျဉ်းနဲ့အညီ ကျန်းမာအောင်နေထိုင်ကြဖို့ အထူးပဲ အရေးကြီးနေပါတယ်။ အနေအထိုင်မှာလည်း ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ နေထိုင်သလို စားသောက်ရာမှာလည်း အဆုတ်ကျန်းမာရေးအားပေးတဲ့ အစားအသောက်တွေ စားပေးသင့်ပါတယ်။

အဆုတ်ကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရင်ဆိုင်နေချိန်မှာ အဆုတ်အားကောင်းစေမယ့် လေ့ကျင့်ခန်းတွေလုပ်တာ ၊ အဆုတ်ကျန်းမာစေမယ့် အစားအသောက်တွေ စားတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အခုပြောသွားမှာကတော့ ဈေးထဲမှာ အလွယ်တကူဝယ်ယူနိုင်မယ့် အဆုတ်ကျန်းမာရေးအတွက် အကျိုးများတဲ့ အစားအသောက်တွေပါပဲ။

(၁) နိုကိုဥ

Beetroot

Photo: Unsplash

နိုကိုဥဟာ အဆုတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုတဲ့ နိုက်ထရိတ်ကြွယ်ဝတဲ့အပင်ဖြစ်ပါတယ်။ သွေးထဲကို အောက်ဆီဂျင်ပျံ့နှံ့စီးဆင်းမှု မြင့်မားအောင်လည်း ကူညီပေးနိုင်ပါတယ်။ ရင်ကျပ်တာ သက်သာစေသလို သူ့မှာပါတဲ့ ဘီတာကာရိုတင်းကလည်း အဆုတ်ကင်ဆာကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ နိုကိုဥဖြည့်စွက်အစာတွေကလည်း အဆုတ်ပြဿနာရှိတဲ့ လူတွေကို ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ပိုကောင်းစေတယ်လို့ ဖော်ပြထားပါတယ်။ အလွယ်ဆုံးက နိုကိုဥကို ဖျော်ရည်လုပ်သောက်တာ နဲ့ ဟင်းရည်သောက်လုပ်စားတာပါပဲ။

(၂) နနွင်း

turmeric-roots-and-powder-shot-from-above

Photo: Bicycling

နနွင်းကို ကိုယ်ခံအားစနစ်မြှင့်တင်တဲ့အစားအသောက်အဖြစ် လူသိများကြပါတယ်။ နနွင်းမှာပါတဲ့ Curcumin ဆိုတဲ့ ဒြပ်ပေါင်းကလည်း အဆုတ်ရဲ့ လုပ်ဆောင်ချက်နဲ့ ကျန်းမာရေးကို အကျိုးများပါတယ်။ နနွင်းကတော့ အသားငါးဟင်းချက်ရာမှာ ထည့်ချက်စားကြတာပါပဲ။

(၃) ခရမ်းချဉ်သီး

tomatoes

Photo: Unsplash

ခရမ်းချဉ်သီးဟာ Lycopene ဒြပ်ပေါင်းကြွယ်ဝတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းဟာ ဓါတ်တိုးဆန့်ကျင်နိုင်စွမ်း မြင့်မားပြီး ပန်းနာရင်ကျပ်လိုမျိုး လေပြွန်ရောင်ရမ်းမှုတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးဟာ ဗိုက်တာမင်စီ ၊ ဗိုက်တာမင် ဘီနိုင်း နဲ့ပိုတက်ဆီယမ်လိုမျိုး ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝတဲ့ အသီးအနှံလည်း ဖြစ်လို့ နေ့တိုင်းစားပေးဖို့ပါ ညွှန်းချင်ပါတယ်။

(၄) ဘလူးဘယ်ရီ

Blueberries

Photo: Unsplash

ဘလူးဘယ်ရီတွေမှာ ကိုယ်တွင်းဆဲတွေထဲ Free Radical တွေ ပိုလျှံမှုကြောင့် ထိခိုက်မှုကို တိုက်ဖျက်နိုင်ပြီး အဆုတ်အားကောင်းအောင် ကူညီနိုင်တဲ့ Anthocyanins ဆိုတဲ့ ပစ္စည်းလေးတွေ ပါဝင်ပါတယ်။ နေ့တိုင်း ဘလူးဘယ်ရီစားပေးတာဟာ အဆုတ်လုပ်ဆောင်ချက် ကျဆင်းလာနှုန်းကို နှေးကွေးအောင်လည်း ဟန့်တားနိုင်တယ်လို့ လေ့လာမှုတွေက ပြောထားပါတယ်။

(၅) Green Tea

Green Tea

Photo: Unsplash

Green Tea မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ သိပ်များပါတယ်။ ဒီထဲမှာ အဆုတ်လုပ်ဆောင်ချက်ကောင်းစေတယ်ဆိုတဲ့ အကျိုးလည်း ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်နိုင်စွမ်းနဲ့ ရောင်ရမ်းမှုကို တိုက်ထုတ်နိုင်တာကြောင့် Green Tea တစ်ခွက်လည်း ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

(၆) သံလွင်ဆီ

Olive Oil

Photo: Unsplash

သံလွင်ဆီမှာ ဗိုက်တာမင်အီးနဲ့ ပိုလီဖီနောလို့ ခေါ်တဲ့ ပန်းနာရင်ကြပ်လို အဆုတ်တိုက်ခိုက်ခံရမှုကို လျှော့ချရာမှာ အရေးပါတဲ့ ဓါတ်တွေ ကြွယ်ဝစွာ ပါရှိပါတယ်။ သံလွင်ဆီရဲ့ ကျန်းမာရေးအကျိုးတွေက များပါတယ်။ အနောက်နိုင်ငံတွေမှာတော့ သံလွင်ဆီကို အစားအသောက်ချက်ပြုတ်စီမံရာမှာ ပင်တိုင်အဖြစ် သုံးစွဲလေ့ရှိကြပါတယ်။

(၇) Cocoa

Cocoa

Photo: Unsplash

ချောကလက်အမည်းတွေမှာ ပါတဲ့ Cocoa ဟာ အဆုတ်အတွင်း လေပြွန်စီးဆင်းမှုကို ပိုကောင်းအောင် ကူညီပေးနိုင်စွမ်း ရှိပါတယ်။ Cocoa စားပေးတာဟာ ဓါတ်မတည့်တဲ့ လက္ခဏာတွေ သက်သာစေပြီး အဆုတ်ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။