မိန်းကလေးတွေရဲ့ စိတ်ကို စိုးမိုးနိုင်တဲ့ ယောင်္ကျားတစ်ယောက် ဖြစ်ဖို့ဆိုတာ အမြဲတမ်းတော့ လုပ်ယူလို့ မရပါဘူး။ လူတစ်ကိုယ်အကြိုက်တစ်မျိုး ဆိုသလို သင့်ရဲ့ ပုံစံကို ကြိုက်တဲ့ အမျိုးသမီးလည်း ရှိနိုင်သလို မကြိုက်တဲ့သူတွေလည်း ရှိမှာပါပဲ။ ဒါပေမယ့် မိန်းကလေးတွေ လိုချင်တဲ့ အမျိုးသားတွေရဲ့ ပုံစံကို ကြည့်မယ်ဆိုရင် အခုပြောမယ့် ၅ မျိုးက ထိပ်ဆုံးစာရင်းမှာ ပါနိုင်ပါတယ်။
(၁) ပျော်ပျော်နေတတ်သူ
Photo: Freepik
မိန်းကလေးတွေဟာ ငြီးငွေ့စရာကောင်းတဲ့သူနဲ့ ဇီဇာကြောင်သူတွေကို မနှစ်သက်ကြပါဘူး။ သူတို့ သဘောကျတဲ့ အမျိုးသားဟာ စွန့်စားရဲပြီး ထောင်ကျပြားကျ ပျော်ပျော်နေတတ်သူ ၊ သူ့အနားမှာ ရှိနေသူတွေကို ပျင်းအောင် မထားတတ်သူတွေ ဖြစ်တတ်ပါတယ်။
(၂) သပ်သပ်ရပ်ရပ်နေတတ်သူ
Photo: Freepik
ရုပ်သိပ်မချောလည်း ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ် ပြုပြုပြင်ပြင် နေတတ်ရင် မိန်းကလေးတွေ သဘောကျကြပါတယ်။ ညစ်ညစ်ပတ်ပတ်နဲ့ ဖြစ်သလို နေတတ်သူကို မိန်းကလေးတွေက စိတ်ကုန်လွယ်တတ်ပါတယ်။
(၃) လူကြီးလူကောင်းဆန်သူ
Photo: Freepik
အမျိုးသမီးတွေဟာ ဒီလိုလူမျိုးကို တစ်ဘဝလုံး လက်တွဲဖော်အဖြစ် စိတ်ကူးယဉ်အိပ်မက်ချင်ကြပါတယ်။ လူကြီးလူကောင်းဆန်တဲ့သူဟာ အစစ အရာရာ Lady First စနစ်နဲ့ အသေးစိတ်ကလေးတွေကအစ ဦးစားပေး ဂရုစိုက်တတ်သလို ဘဝရှေ့ရေးအတွက်ပါ အားကိုးစရာလူတစ်ယောက်အဖြစ် မိန်းကလေးတွေက မြင်ကြပါတယ်။
(၄) ယောင်္ကျားပီသသူ
Photo: Freepik
မိန်းကလေးတွေဟာ ခပ်နွဲ့နွဲ့ ယောင်္ကျားလေးတွေထက် ယောင်္ကျားဆန်ဆန် စိတ်ခွန်အားရှိသူ ၊ စိတ်ဓါတ်ကြံ့ခိုင်ပြီး ရည်မှန်းချက် ရှိသူမျိုးကို သဘောကျပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရဲသူ ၊ ပြဿနာကို ခေါင်းအေးအေးထား ဖြေရှင်းတတ်သူတွေဟာလည်း ယောင်္ကျားကောင်းတွေရဲ့ အရည်အချင်းပါပဲ။
(၅) ဉာဏ်ရည်မြင့်တဲ့သူ
Photo: Freepik
တစ်ချို့ အမျိုးသားတွေဟာ ရုပ်ရည်လည်း အသင့်အတင့်ပဲ ရှိပေမယ့် သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ မြင့်မားတယ်။ စကားပြောကြည့်ရင် သူ့ခေါင်းထဲက အသိဉာဏ်က ထက်သန်နက်ရှိုင်းတာ ပိုသိသာလာတယ်။ ဒီလိုလူမျိုးဟာ ရုပ်ရည်ချောမောသူတွေထက် ပိုပြီး အနှစ်သာရ ပြည့်ဝသလို ရေရှည်မှာ အောင်မြင်ကြီးပွားမယ့်သူ ဖြစ်လို့ အမျိုးသမီးတွေ ရင်ခုန်တာလည်း မဆန်းပါဘူး။