Loafer တွေကို Free Formal စတိုင် ဖိနပ်တွေလို့ ပြောရင် မှားမယ်မထင်ပါဘူး။ Shoes တွေလောက် Formal မကျသလို Sneaker တွေလောက်လည်း Casual မကျတာကြောင့် လူလတ်ပိုင်းအရွယ်တွေ ရွေးချယ်သင့်တဲ့ ဖိနပ်တစ်မျိုးအဖြစ် စဉ်းစားသင့်ပါတယ်။ Loafer တွေရဲ့ အားသာချက်က ခြေအိတ်နဲ့ပဲ စီးစီး ၊ Sockless ပဲ ဖြစ်ဖြစ် စီးလို့ အဆင်ပြေပါတယ်။ Loafer က အမျိုးအစားတွေ ကွဲပြားပါတယ်။ အစီးများတဲ့အမျိုးအစားတချို့အကြောင်းတော့ အမြည်းသဘောမျိုး မိတ်ဆက်ပေးချင်ပါတယ်။

(၁) Horsebit

Photo: themodestman

Horsebit Loafer အမျိုးအစားက အပေါ်မှာ မြင်းဇက်ကလေးလို ရွှေရောင်သတ္ထုကွင်းလေးနဲ့ လာပါတယ်။ အညို ၊ အနက် စသည်ဖြင့် လာပါတယ်။ Gucci ထုတ် Horsebit တွေက နာမည်ကြီးပါတယ်။ Casual လိုရော Semi-Formal လိုပါ စီးနိုင်ပါတယ်။ စီးလို့အကောင်းဆုံးအချိန်က နွေဦးပေါက်နဲ့ နွေရာသီမျိုး ဖြစ်ပါတယ်။

(၂) Tassel

Photo: Design Italian Shoes

ဒီကောင်လေးတွေရဲ့ ဒီဇိုင်းက ယဉ်ပါတယ်။ အပေါ်မှာ ကြိုးအထုံးဒီဇိုင်းနဲ့ လာပါတယ်။ ဥရောပမှာ အစီးများပါတယ်။ သူကတော့ နွေရာသီအပြင် ဆောင်းဦးပေါက်လို ရာသီမျိုးမှာပါ စီးနိုင်သလို နေ့တိုင်း ထသွားထလာ စီးစရာအဖြစ် သုံးနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး စီးနိုင်သလို ရုံးချိန်တွေမှာလည်း Semi-Formal အဖြစ် စီးနိုင်ပါတယ်။

(၃) Driving

Photo: themanual

Driving Loafer တွေက အောက်ခုံတောင့်တင်းပြီး Point တွေ ထင်ရှားပါတယ်။ ကားမောင်းရင်း စီးဖို့အပြင် ကမ်းခြေမှာ အနားယူဖို့ ခရီးထွက်ချိန်မှာလည်း သက်တောင့်သက်သာစီးစရာအဖြစ် သုံးနိုင်ပါတယ်။ Loafer တွေရဲ့ အထာအတိုင်း နွေဦးပေါက်တွေမှာ စီးတာ ပိုကောင်းပါတယ်။

(၄) Slipper

Photo: Cool Material

Slipper Loafer တွေကတော့ Casual လိုရော Formal လိုပါ စီးနိုင်တဲ့ ဖိနပ်တွေ ဖြစ်ပါတယ်။ ပွဲတက်ဖို့ဆိုရင် အနက်ရောင် လယ်သာသားနဲ့ ထုတ်ထားတာမျိုး စီးသင့်ပါတယ်။ ဘောင်းဘီတိုနဲ့ Casual စီးချင်ရင်လည်း ဖြစ်တာပါပဲ။