အမျိုးသမီးတွေက ခန့်မှန်းရခက်ပါတယ်။ သူတို့ဟာ နားလည်ရလည်းအင်မတန်ခက်ပါတယ်။ သူတို့အထင်ကြီးစေဖို့ ဘာတွေလုပ်ရမလဲဆိုတာလဲ တိတိကျကျ သက်မှတ်ထားတာမျိုးမရှိပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် အခု kwee ပြောပြမယ့် ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်တဲ့ အမျိုးသားတစ်ယောက်ကို အမျိုးသမီးတွေ ငြင်းဆန်နိုင်ဖို့ ခက်ခဲပါတယ်။
သူတို့အတွက် စဉ်းစားပေးတတ်သောသူ
Source: ElCrema
စားသောက်ဆိုင်သွားပြီး ထိုင်ခုံမှာမထိုင်ခင် သူမအတွက် ထိုင်ခုံအဆင်သင့်လုပ်ပေးတတ်တဲ့သူ၊ ကားပေါ်ကဆင်းတဲ့အချိန်ကားတံခါးဖွင့်ပေးတတ်သူ၊ အစားအသောက်အတွက် ကုန်ကျစရိတ်ကို ရှင်းပေးတတ်သော အမျိုးသားမျိုးကို မိန်းကလေးတွေ သဘောကျကြပါတယ်။
ပြီးတော့ သူတို့ရဲ့ စိတ်ခံစားမူကို အလေးအနက်ထားတတ်တဲ့ သူမျိုးကို အမျိုးသမီးတွေ မငြင်းဆန်နိူင်ပါဘူး။
ဟာသဉာဏ်ရှိသူ
Source: Fluent in 3 months
စိတ်ဝင်စားစရာကောင်းပြီး ဉာဏ်သုံးရတဲ စကားပြောဆိုမှုတွေ ရှိပြီး အမျိုးသမီးတွေရဲ့ တုန့်ပြန်မှုအပေါ် အာရုံစိုက်တတ်တဲ့ နားထောင်ကောင်းတဲ့သူမျိုးကို သူတို့သဘောကျကြတယ်။ ဒါ့အပြင် သူတို့ကို ရယ်မောအောင်လုပ်နိုင်ပြီး ဟာသဉဉာဏ်ရွှင်သူ၊ နိုင်ငံရေးတွေကို စိတ်ဝင်စားအောင် ပြောတတ်တဲ့ တမူထူးတဲ့ စွမ်းရည်ကို ပိုင်ဆိုင်သူတွေကိုလည်း အမျိုးသမီးတွေ စိတ်ဝင်စားကြတယ်။
ပျင်းစရာမကောင်းလောက်အောင် နာရီပေါင်းများစွာ စကားပြောနိုင်သူ၊ အမျိုးသမီးတွေနဲ့ ဆက်ဆံရေးမှာ အသိပညာကြွယ်ဝတဲ့ ဆက်စပ်မှုကို တည်ဆောက်နိုင်တဲ့သူဖြစ်မယ်ဆိုရင်တော့ ကွီးတို့ကို သူတို့ ငြင်းနိူင်တော့မှာ မဟုတ်ပါဘူး။
မိမိကိုယ်ကိုယုံကြည်မူရှိသူ
Source: Bookboon
မိမိကိုယ်ကိုယုံကြည်မူအပြည့်ရှိသူ၊ ဆက်ဆံရေးတစ်ခုမှာ သူမကို အခြား ယောက်ျားလေးတွေကြောင့် ဆုံးရှုံးရမှာ လုံးဝ ပူပန်မှု မရှိသလို သဝန်မူမရှိတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ လိုချင်ကြတယ်။
ယုံကြည်မှုရှိတဲ့ ယောက်ျားလေးကို မိန်းကလေးတွေ ကြိုက်နှစ်သက်ရခြင်းကတော့ သူတို့ကိုယ်သူတို့ ယုံကြည်တာကြောင့် မိန်းကလေးတွေကိုလည်း ယုံကြည်စေတာဖြစ်ပါတယ်။
ရိုင်းစိုင်းတဲ့ အမျိုးသားတွေ၊ ဖုန်းပြန်မခေါ်တဲ့ အမျိုးသားတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဝေးဝေးက ရှောင်လေ့ရှိကြတယ်။ အမျိုးသမီးတွေဟာ သူတို့ကို အချိန်အကြာကြီး ကြင်နာစွာ ဆက်ဆံတတ်တဲ့သူကို လိုလားကြပါတယ်။