လူတိုင်းနီးပါး ခရီးသွားရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ခရီးသွားတယ်ဆိုတာ အပန်းဖြေခရီးလည်းဖြစ်နိုင်သလို စွန့်စွန့်စားစား ခရီးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ခရီးသွားတဲ့လူတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းကမတူညီကြပါဘူး။ အကြိုက်ချင်းတူတဲ့ လူတွေစုပေါင်းပြီး ခရီးသွားရခြင်းက စိတ်ချမ်းသာစေပါတယ်။
ဒီလိုမှ မဟုတ်ဘဲ အပင်ပန်းမခံနိူင်တဲ့ လူတွေကို စွန့်စားရတဲ့ ခရီးစဉ်တွေမှာ ခေါ်သွားရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒီလိုပဲ ခရီးသွားတဲ့အချိန်မှာ အတူတူခေါ်မသွားသင့်တဲ့ လူမျိုးတွေရှိပါတယ်။ သူတို့တွေက ခရီးစဉ်ကို ဖျက်လိုဖျက်စီးလုပ်ချင်တဲ့ စိတ်မရှိပေမယ့် သူတို့တွေရဲ့ လုပ်ရပ်က ခရီးသွားဖော်တွေကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
ဒီနေ့ kwee page က ခရီးအတူမသွားသင့်တဲ့ လူမျိုးတွေကိုဖော်ပြပေးသွားမှာပါ။
စုံတွဲများ

Source: The Dating Divas
နှစ်ယောက်စလုံးနဲ့ဖြစ်စေ တစ်ယောက်ချင်းစီနဲ့ဖြစ်စေ ဘယ်လိုမှတွဲသွားလို့အဆင်မပြေတဲ့သူတွေပါ။ သူတို့နဲ့ အတူသွားမယ်ဆိုရင် အနည်းဆုံးတော့ စုံတွဲပုံလေးတွေ ရိုက်ပေးဖို့သာပြင်ထားပါ။ ပြီးတော့ ခရီးသွားရတာ သူတို့ရဲ့အရိပ်အကဲလည်း ကည့်ရပါသေးတယ်။ စုံတွဲတို့ သဘာဝအတိုင်း အခန့်မသင့်တာတခုခုရှိရင် စိတ်ဆိုးစိတ်ကောင် ရန်ဖြစ်တက်ကြတယ်။ ဒါတွေက ခရီးစဉ်မှာ စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။
ရည်းစားရှိတဲ့သူကို တစ်ယောက်ထည်းခေါ်ထုတ်သွားရင်လည်း သိပ်ပြီးအဆင်မပြေလှဘူး။ ချစ်သူရည်းစားနဲ့ ဖုန်းပြောရတာတွေ တနေရာရာရောက်ရင် အကြောင်းကြား မက်ဆေ့ ပို့နေရတာတွေ Video call ခေါ်ပြရတာတွေနဲ့ ခရီးသွားဖော်တွေကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုလူမျိုးတွေနဲ့ ဖြစ်နိူင်ရင် ခရီးအတူမသွားပါနဲ့။
အစားအသောက် ဂျီးများသူ

Source: Business insider
တစ်ချို့ခရီးစဉ်တွေက ဇိမ်ခံတဲ့ခရီးစဉ်တွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ပြီးတော့ တစ်ချို့နေရာတွေက အစားအသောက် အကန့်အသက်ရှိတဲ့နေရာတွေ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးတွေမှာ အစားအသောက် ဂျီးများသူတွေကို ခေါ်သွားလိုက်ရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒီလိုလူမျိုးတွေနဲ့ ခရီးသွားမယ်ဆိုရင် စားသောက်ဆိုင်ရွေးနေရတာနဲ့တင် တစ်နေကုန်သွားနိုင်ပါတယ်။
ညည်းလွန်းသူများ

Source: The Star
ဒီလိုလူတွေကျတော့ ဘယ်အရာကိုမဆို အကောင်းမြင်တတ်တဲ့ လူမျိုးမဟုတ်ပါဘူး။ စီးလာတဲ့ကားကအစ တည်းတဲ့အခန်းကအဆုံး အပြစ်ရှာပြီး ညည်းပြနေတက်တဲ့သူမျိုးပါ။ ခရီစဉ်တခုမှာ ဒီလိုလူမျိုးပါရင်လည်း စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ဘယ်လိုတွေပဲ စီစဉ်ပေးပေမယ့် စိတ်တိုင်းမကျဘဲ ညည်းလွန်းတာကြောင့် ခရီးစဉ်မှာ ကိုယ်ပါ မပျော်မရွှင် ဖြစ်ရတတ်ပါတယ်။
