Shirts တွေဟာ ယောင်္ကျားဆန်တယ်။ ဝတ်ရတာ အချိုးပိုကျတယ်။ နေရာမရွေးလည်း ဝတ်လို့ကောင်းတယ်။ ဒါပေမယ့် ကိုယ့်အဝတ်ဗွီရိုထဲမှာ ဘယ်လိုရှပ်အင်္ကျီတွေ ဝယ်ထားရမလဲဆိုတာ စဉ်းစားနေရင်တော့ အခုပြောမယ့် ရှပ်အင်္ကျီအမျိုးအစား ၅ မျိုးကို ဦးစားပေးဝယ်ဖို့ ပြောချင်ပါတယ်။

(၁) Oxford Button-down shirts

Photo: The Trend Spotter

အသားထူပြီး ကော်လာကြယ်သီးတပ် ရှပ်တွေဟာ အမြဲကို ခေတ်မီတဲ့ အမျိုးသားဝတ် Outfit ထဲမှာ ပါပါတယ်။ ပိုပြီး ကောင်းတာက Oxford Button-down Shirt တွေကို ရုံးမှာလည်း ဝတ်လို့ရသလို မင်္ဂလာဆောင် အခမ်းအနားတွေမှာပါ ဝတ်လို့ ရတာပဲ ဖြစ်ပါတယ်။ အရောင်ဖျော့ရင်တော့ Professional ဆန်ပြီး အရောင်ခပ်မှိုင်းမှိုင်း ရင့်ရင့်ဆိုရင် Casual Event တွေနဲ့ ပိုလိုက်ပါတယ်။

(၂) Dress Shirt

Photo: The Trend Spotter

သားနားပြီး ရိုးရှင်းတယ်။ ဝတ်လိုက်ရင် လူအထင်ကြီးစရာကောင်းအောင် ကျော့မော့တောက်ပြောင်တယ်။ သာမန်ရှပ်တွေနဲ့ မတူဘူး။ မတူဆိုသူက Tuxeo တို့လို Suit တွေနဲ့ တွဲဝတ်ရတာကိုး။ ဒီအင်္ကျီမျိုးကတော့ အခမ်းအနားနဲ့ ပွဲနေပွဲထိုင်အတွက် အထူးဝတ်ဖို့ ညွှန်းစရာပါ။

(၃) Flannel Shirt

Photo: The Trend Spotter

သက်တောင့်သက်သာနဲ့ စတိုင်လည်း ကျရမယ်။ ပေါ့ပေါ့ပါးပါး အပေါ်ဝတ်လိုလည်း ဝတ်ချင်တယ်။ ရာသီဥတုအေးနေချိန်မှာ အနွေးထည်အထူကြီးနဲ့ အပြင်မထွက်ချင်ဘူးဆိုရင် ဖလန်နယ်တွေ ဝတ်တာ အကောင်းဆုံး ရွေးချယ်မှုလို့ ပြောချင်ပါတယ်။ အောက်က T-Shirt နဲ့ Jeans ပါရင် လူငယ်တစ်ယောက်ရဲ့ အတောက်ပဆုံးဖက်ရှင်ကို တပ်ဆင်လိုက်ပြီ ဖြစ်ပါတယ်။

(၄) Chambray

Photo: The Trend Spotter

Smart Casual ပွဲတွေအတွက် ဘယ်အင်္ကျီဝတ်သွားရရင်ကောင်းမလဲ တွေးနေမိရင် Chambray shirts တွေ ဝတ်သွားသင့်ပါတယ်။ Jeans နဲ့လည်း သက်တောင့်သက်သာ ဝတ်နိုင်သလို Chinos တွေနဲ့လည်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ဝတ်သွားလို့ ရပါတယ်။

(၅) Denim Shirt

Photo: The Trend Spotter

Jeans အပျော့သား Shirts တွေ ဝတ်ရတာ ချက်ချင်း ပုံကျစေပါတယ်။ သူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ သွားစရာ ပေါ်လာရင် Denim Shirt လေး ဝတ်သွားမယ်ဆိုရင် ချက်ချင်းကို စတိုင်ကျသွားမှာပါ။ ရိုးရိုးရှင်းရှင်း သက်တောင့်သက်သာနဲ့ စတိုင်ကျချင်တယ်ဆိုရင်တော့ ကာလာအဖျော့သား T-Shirt ကို အောက်ခံဝတ်ထားပြီး အောက်မှာ ရိုးရှင်းတဲ့ အရောင်ရင့် Pant တစ်ထည် ဝတ်ရမှာ ဖြစ်ပါတယ်။