အားလုံးပဲ မင်္ဂလာပါနော်။ Kwee ရဲ့ စာဖတ်ပရိတ်သတ်တွေက ဘယ်လိုမတူညီတဲ့ အလုပ်အကိုင်မျိုးကို လုပ်နေပါတယ်ပဲပြောပြော အမျိုးသားတိုင်းမှာတော့ ကိုယ်စီပိုင်ဆိုင်ထားသင့်တဲ့ အင်္ကျီဒီဇိုင်းတွေကတော့ သပ်သပ်ရှိပါတယ်နော်။

သူ့နေရာနဲ့သူ လိုက်ဖက်ညီမယ့် အင်္ကျီဒီဇိုင်းတွေဆိုတာဟာ တသီးတသန့်ထုတ်လုပ်ထားတာကြောင့် ကိုယ့်ဆီမှာသာ ဒီဇိုင်းစုံရှိမယ်ဆိုရင် တစ်နေရာသွားဖို့အရေး ဘာဝတ်ရမလဲဆိုပြီး ဦးနှောက်စားစရာမလိုတော့ဘူးပေါ့။

ကဲ…ဒါဆိုရင်တော့ စာရေးသူနည်းတူ စာဖတ်မိတ်ဆွေများလည်း ဘယ်လိုအင်္ကျီအမျိုးအစားတွေကို ဝယ်ထားသင့်သလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ ၾကယ္သီးအျပည့္ပါ ရွပ္အက်ႌ

မင်္ဂလာပွဲဖြစ်ဖြစ်၊ ရုံးသွားရုံးတက်ဖြစ်ဖြစ် အဆင်ပြေစွာဝတ်ဆင်နိုင်သလို အရောင်ဖျော့တဲ့ ရှပ်အင်္ကျီလေးတွေကတော့ အရေးကြီးတဲ့ပွဲတွေကို ဝတ်ဆင်နိုင်သလို အရောင်တောက်တောက်နဲ့ ရှပ်အင်္ကျီလေးတွေကတော့ ပေါ့ပေါ့ပါးပါးသွားနိုင်တဲ့ ပွဲလေးတွေကို ဝတ်ဆင်နိုင်ပါတယ်။

၂။ ရှပ်အဖြူ

ရည်မွန်ရှင်းသန့်တဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်တဲ့ ရှပ်အဖြူတွေကတော့ တစုံတယောက်က ကိုယ့်ကို သဘောကျစေဖို့၊ သူ့အမြင်မှာ သပ်ရပ်နေစေဖို့အတွက် ကွက်တိကျတဲ့ အင်္ကျီမျိုးပါ။ ပုံမှန်ရှပ်အင်္ကျီတွေထက် အတန်ငယ်ထူထဲပေမယ့် ဒီအတိုင်းအဖြူသန့်သန့် ဝတ်ဆင်နိုင်ရုံသာမက အပေါ်က ကုတ်အင်္ကျီတစ်ထည် ထပ်လိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကို စတိုင်ကျသွားမှာပါ။

၃။ ရှပ်ပွပွတွေ

ရာသီဥတု အနည်းငယ်အေးလာတဲ့အချိန်တွေမှာ မထူမပါးလေးတွေကို ဝတ်ချင်သူများအတွက် ဒီရှပ်အင်္ကျီတွေက အသင့်တော်ဆုံးပါပဲ။

၎။ ဖလန္နယ္ရွပ္အက်ႌ

ဗြောင်ဒီဇိုင်းတွေထက် အကွက်ပါတာကိုမှ ကြိုက်တဲ့ ကွီးတို့အတွက် ဖလန်နယ်ရှပ်အင်္ကျီလေးတွေက အကောင်းဆုံးပါ။ ပုံမှန်ရှပ်တွေထက် အတန်ငယ်ထူပြီး နူးညံ့တာကြောင့် ဒီလိုဖလန်နယ်ရှပ်တွေကို အတွင်းက တီရှပ်အင်္ကျီ၊ အောက်က ဂျင်းဘောင်းဘီနဲ့တွဲဝတ်လိုက်ရင်တော့ လန်းသွားပြီပေါ့နော်။

၅။ ရံုးဝတ္ရွပ္အက်ႌေတြ

ရုံးပိုင်းတွေမှာ အလုပ်လုပ်သူတွေအတွက် ဒီလိုရှပ်အင်္ကျီသန့်သန့်လေးတွေက အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။ အလုပ်ခွင်အတွင်းမှာ ဝတ်ဆင်သင့်တဲ့ အရောင်တွေကတော့ အဖြူရောင်နဲ့ အပြာဖျော့ဖျော့လေးတွေပဲဖြစ်ပါတယ်။ ဒီလိုရှပ်လေးတွေကို ဝတ်မယ်ဆိုရင်တော့ နက်ကတိုင်တောင် ဝတ်နေစရာလိုမှာမဟုတ်ပါဘူးနော်။

၆။ ဂျင်းအပါးရှပ်အင်္ကျီ

ဂျင်းရှပ်တွေလိုမဟုတ်ဘဲ အတန်ငယ်ပါးရှပ်တဲ့အသားနဲ့ ရိုးရှင်းတဲ့ချုပ်ပုံချုပ်နည်းရှိတဲ့ Chambray ရှပ်တွေကလည်း အမျိုးသားတိုင်းမှာ တစ်ထည်လောက်တော့ ရှိသင့်ပါတယ်။ ထသွားထလာကို သက်သောင့်သက်သာနဲ့ ဝတ်ဆင်နိုင်ဖို့အတွက် အောက်က ဂျင်းဘောင်းဘီ၊ ချည်သားဘောင်းဘီလေးတွေနဲ့ တွဲဖက်ပေးနိုင်ပါတယ်။

၇။ လက္တိုရွပ္အက်ႌေတြ

ကမ်းခြေသွားတာဖြစ်ဖြစ်၊ ကော်ဖီဆိုင်ဖြစ်ဖြစ် ဒါမှမဟုတ်လည်း ဒီအတိုင်း ဟိုနားဒီနားသွားလာတဲ့အခါတွေမှာ ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ်နဲ့ ဝတ်ဆင်နိုင်မှာပါ။ အရောင်အသွေး၊ ဒီဇိုင်းအဆင်အစုံ ထွက်ရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

၈။ ဂျင်းရှပ်အင်္ကျီတွေ

ဂျင်းရှပ်အင်္ကျီတွေအောက်ကနေ အရောင်ဖျော့ဖျော့ တီရှပ်တစ်ထည်ခံပြီး အောက်က အရောင်နက်တဲ့ ဘောင်းဘီတစ်ထည်နဲ့ အရိုးရှင်းဆုံး ဝတ်လိုက်မယ်ဆိုရင်တော့ သက်သောင့်သက်သာလည်းရှိပြီး စတိုင်လ်လည်းကျမှာဖြစ်ပါတယ်။

၉။ လီနင္ရွပ္အက်ႌမ်ား

အင်မတန်ကို လေဝင်လေထွက်ကောင်းတဲ့ အသားနဲ့ချုပ်လုပ်ထားတာကြောင့် ရာသီဥတု ပူအိုက်ချိန်တွေမှာ ဝတ်ဆင်နိုင်တဲ့ ရှပ်အင်္ကျီတစ်ထည်ပါ။ လက်ရှည်ကို တံတောင်လောက်ရောက်တဲ့အထိ ခေါက်ပြီးတော့ အောက်က အရောင်ဖျော့တဲ့ဘောင်းဘီတစ်ထည်နဲ့ တွဲဝတ်ရင်တော့ စတိုင်မိုက်သွားပါပြီ။

၁၀။ ပိုလိုရှပ်များ

ပိုလိုရှပ်ကတော့ ဘယ်အချိန်မဆို ဘယ်နေရာမဆို လွတ်လွတ်လပ်လပ်ဝတ်ဆင်နိုင်တဲ့ အင်္ကျီတွေပါ။ တီရှပ်တွေလိုမဟုတ်ဘဲ ရက်ထားတဲ့အထည်ဖြစ်လို့ ဘယ်လိုအရောင်မဆိုကို သပ်သပ်ရပ်ရပ်ဝတ်ဆင်နိုင်ပါတယ်။

Source: www.thetrendspotter.net

Featured Image Source: Pinterest