အမျိုးသားဝတ် Suit တွေမှာ စတိုင်အမျိုးမျိုး ၊ ဒီဇိုင်းနဲ့ အမျိုးအစား အသီးသီး ကွဲပြားမှုတွေ ရှိပါတယ်။ ကျွန်တော်တို့တတွေဟာ နေရာပေါ်လိုက်ပြီး စိတ်ခံစားချက်ပေါ်လိုက်ပြီး အဝတ်အစားပုံစံ ပြောင်းဝတ်ကြပါတယ်။ Suit တွေကိုလည်း ပုံစံမတူဘဲ ဝတ်ချင်တယ်ဆိုရင် ဒီ Suit ပုံစံတွေကို အရင်ဦးစားပေး စဉ်းစားသင့်ပါတယ်။
(၁) Slim Fit Suit

Photo: Film Jackets
အဆီပိုမရှိ ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်သူတွေအတွက် Stylish ဖြစ်စေမယ့် Suit ပုံစံက Slim Fit Suit ဖြစ်ပါတယ်။ ဒီ Suit ပုံစံမျိုးက ရင်ဘတ်နဲ့ ခါးနေရာတွေ ကျဉ်းထားတဲ့ ပုံကိုက် Form-Fitting စတိုင် ဖြစ်ပါတယ်။ အားကစားသမားလို ကိုယ်လုံးကိုယ်ပေါက် မရှိလည်း သွယ်သွားတယ် ထင်ရအောင် Slim Fit Suit ဝတ်နိုင်တာပါပဲ။ ဒီဖက်ရှင်က Casual ဖက်ရှင်စတိုင် Suit တွေထက် သာပြီး ထိပ်ဦးကျဉ်း Slim Fit Pant မျိုးနဲ့ တွဲဝတ်သင့်ပါတယ်။
(၂) Classic Fit Suit

Photo; Reiss
Classic Fit တွေက Slim Fit ထက် ဝတ်ရတာ ပိုသက်တောင့်သက်သာရှိပါတယ်။ ဒီ Suit ဖက်ရှင်တွေကို တနင်္လာ – သောကြာ ရုံးတက်ဝတ်စုံတွေအဖြစ် ဝတ်ကြပါတယ်။ Smart Causl အနေနဲ့လည်း ဝတ်လို့ ရပါတယ်။ တွဲဝတ်ရတဲ့ ဘောင်းဘီကတော့ ချောင်ချိပြီး Classic ဆန်တဲ့ Regular Fit မျိုး ဖြစ်ဖို့ လိုပါတယ်။
(၃) Modern Fit Suit

Photo: Gentleman’s Journal
Modern Fit Suit တွေက Slim Fit နဲ့ Classic Fit အကြားက စတိုင်မျိုးလို့ ပြောနိုင်ပါတယ်။ Slim Fit ထက် ပိုချောင်ချိပြီး Classic တွေလောက်လည်း မပွပါဘူး။ Modern Suit တွေက Casual ကနေ Dressy အထိ နေရာမရွေး ဝတ်နိုင်အောင် ထုတ်ထားပြီး ပခုံးဒီဇိုင်းအချိုးက ခေတ်မီ Squared-Off စတိုင်နဲ့ လာပါတယ်။ ဘောင်းဘီကို ဘေးတိုက် မီးပူထိုး Flat Front စတိုင်နဲ့ တွဲဝတ်လေ့ရှိပါတယ်။
(၄) Single Breasted Suit

Photo: realmenrealstyle
Suit တွေထဲမှာ ကြယ်သီး ၂ လုံး ၃ လုံးတပ် Single Breasted နဲ့ ၄ လုံးကနေ ၈ လုံးအထိ တပ်တဲ့ Double Breasted ဆိုပြီး ရှိပါတယ်။ Double Breasted တွေမှာ ပုံမှန်အများဆုံးတွေ့ရတာက ကြယ်သီး ၆ လုံးတပ်ဒီဇိုင်းဖြစ်ပြီး Single Breasted တွေက ကြယ်သီး ၂ လုံးတပ်က အများဆုံးပါပဲ။
Single Breasted Suit တွေက ပိုပြီး ပေါ့ပါးတယ်။ ဝတ်ဆင်ရလွယ်ကူပြီး Stylish ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်တွေရဲ့ နေ့စဉ်ဖက်ရှင်အဖြစ် အလုပ်သွားဝတ်စုံအဖြစ် ဝတ်နိုင်သလို အခမ်းအနားတော်တော်များများလည်း တက်နိုင်တဲ့ Dress Code ဖြစ်ပါတယ်။
(၅) Unstructured Blazer

Photo; michaelandrews
Unstructured Blazer ဆိုတာ အတွင်းဘက် Padding အခံ ဒေါက်တွေမပါတဲ့ Blazer မျိုး ဖြစ်ပြီး ပေါ့ပါးမှုနဲ့ လွတ်လပ်တာကို အဓိက ကိုယ်စားပြုပါတယ်။ များသောအားဖြင့် ဒီလို Blazer တွေက် တစ်လွှာတစ်ထပ် Single Layer နဲ့ပဲ လာပါတယ်။ နွေရာသီလိုမျိုး ပူအိုက်ချိန်မှာ Suit ဝတ်စုံပြည့် မဝတ်ရဘဲ ပွဲတက်နိုင်အောင် ထုတ်ထားတာပါ။ Casual ဝတ်နိုင်သလို Semi-Formal ပွဲမျိုးတွေမှာလည်း ဝတ်နိုင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။
Featured Photo: squarespace
											
				
									
	
	
	
	
	
	