မိတ်ဆွေအပေါင်းအသင်းဆိုတာကျွန်တော်တို့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ဆိုနိုင်ပါတယ်။မိတ်ဆွေအပေါင်းအသင်းပေါများတဲ့သူတွေဟာ ဘဝမှာပိုပြီးအောင်မြင်နိုင်သလို ပျော်ရွှင်စရာအချိန်တွေကိုလည်း ပိုမိုပိုင်ဆိုင်နိုင်ပါတယ်။သို့သော်လည်း တချို့သော မိတ်ဆွေအပေါင်းအသင်းတွေကသင့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့လူမျိုးတွေလည်းရှိတာကြောင့် ဒီတစ်ခေါက်မှာတော့ မိတ်ဆွေမဖွဲ့သင့်တဲ့ လူမျိုးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) လိုသုံးလုပ်တက်သူ

Source : Shutterstock

ကိုယ့်ရဲ့လိုအင်ဆန္ဒတွေအတွက် လူတစ်ယောက်ကိုအသုံးချတယ်ဆိုတာ အင်မတန်မှ စိတ်ပျက်စရာကောင်းတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။ လိုအပ်မှ ဆက်သွယ်တက်တဲ့လူမျိုးဟာလည်း တနည်းအားဖြင့် အသုံးချတယ်ခေါ်ပါတယ်။ဒီလိုလူမျိုးတွေက ကိုယ့်စီကအယူပဲရှိပြီး ပြန်ပေးဖို့အတွက်ကျလက်တွန့်နေတက်ကြတဲ့သူမျိူးတွေဖြစ်ပါတယ်။ဒါကြောင့် လိုအပ် မှ အကူညီလိုအသုံးချတက်တဲ့လူတွေကို မိတ်ဆွေဖွဲ့ဖို့ ရှောင်ကျဉ်သင့်ပါတယ်။

(၂) မကောင်းမြင်စိတ်များသူ

Source : Shutterstock

အရာရာကို အဆိုးဘက်ကပဲမြင်နေသူ မကောင်းမြင်စိတ်များသူတွေနဲ့ အချိန်ကြာကြာဆက်ဆံပြောဆို မယ်ဆိုရင် သင့်ဘဝမှာလည်းမကောင်းတဲ့အရာတွေဖြစ်လာနိုင်ပါတယ်။ဘယ်အရာမဆိုအကောင်းနဲ့အဆိုးက ဒွန်တွဲနေတာပါ။မကောင်းမြင်စိတ်များသူတွေအတွက်တော့ ကိစ္စတိုင်းကိုအမှောင်ဖုံးလွှမ်းနေပြီး မကောင်းတဲ့ခံစားချက်တွေနဲ့သာပြည့်နေတာဖြစ်ပါတယ်။ဒီလိုလူတွေကသူတို့ကိုယ်တိုင်လညးဘဝမှာလိုအပ်ချက်တွေများနေသလို သူ့ပတ်ဝန်းကျင်ကလူတွေကိုလည်း မကောင်းတဲ့ခံယူချက်တွေ မျှဝေပေးတက်တာကြောင့် မိတ်ဆွေဖွဲ့ဖို့မသင့်တော်ပါဘူး။

(၃) ဒုက္ခပင်လယ်ဝေနေသူ

Source : Shutterstock

အချိန်တိုင်းလိုလို စိတ်ညစ်စရာတွေ ဒုက္ခတွေ သောကတွေနဲ့ ဖိစီးနေတက်တဲ့သူတွေဟာလည်း မိတ်ဆွေမဖွဲ့သင့်တဲ့အထဲမှာပါပါတယ်။ လူတိုင်းလူတိုင်းမှာဘဝမှာအဆင်မပြေမှုတွေ အခက်အခဲတွေဆိုတာရှိကြစမြဲပါ။ဒါပေမယ့် အချိန်တိုင်းစိတ်ညစ်စရာ တွေ သောကတွေကိုမွေးမြူနေတက်သူတွေအတွက်ကတော့ ဖြေလည်ဖို့ဖြေရှင်းနိုင်မယ့်နည်းလမ်းလည်းမရှာသလို အပြောင်း အလဲဆိုတာကိုလည်းစိတ်မဝင်စားတဲ့သူတွေပါ။ဒီလို Drama Queen တွေနဲ့ မိတ်ဆွေဖွဲ့ထားမိရင် သင်လည်းအချိန်တိုင်းစိတ်ညစ်စရာတွေကိုအလိုလိုကူးစက်ခံစားနေရပါလိမ့်မယ်။

(၄) ပြစ်တင်ဝေဖန်တက်သူ

Source : Shutterstock

ဝေဖန်ထောက်ပြတယ်ဆိုတာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတို့ရဲ့ လုပ်ရပ်တစ်ခုပါ။ဝေဖန်တယ်ဆိုတာ တနည်းအားဖြင့် အကြံပြုခြင်းလို့သဘောသက်ရောက်ပါတယ်။ သို့သော်ဝေဖန်မှုတွေနဲ့ အတူအပြစ်တင်ခြင်းတွေပါပါလာပြီ ဆိုရင်တော့ကောင်းမွန်တဲ့ဝေဖန်ခြင်းမဟုတ်တော့ပါဘူး။ကိုယ်အနေနဲ့ဟဘလောက်ကောင်းအောင်ကြိုးစားထားတဲ့အရာတစ်ခုဖြစ်ပါစေ အသိမှတ်မပြုတဲ့အပြင်အကုန်သိအကုန်တက်တဲ့ စဆရကအထာနဲ့ ပြစ်တင်ဝေဖန်နေမှာဖြစ်ပါတယ်။ဒီလိုလူတွေကြောင့် သင်ရဲ့ယုံကြည်မှုသင့်ရဲ့အိမ်မက်တွေကလည်းယိုင်နဲ့ပြီး ကိုယ်ကိုယ်ကို အသုံးမကျသူတစ်ယောက်အဖြစ်မြင်လာနိုင်ပါတယ်။ဒါကြောင့် ကောင်းသောအကြံပေးခြင်ကိုလက်ခံပါ။နေရာတကာအပြစ်တင်ဝေဖန်နေသူတွေကိုတော့ဝေးဝေးကရှောင်သင့်ပါတယ်။